Chapter 151: နှစ်ခြိုက်စွာ အိပ်ပျော်ခြင်း
ယွီယောင်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကာ အိပ်မက်မက်နေခဲ့သည်။
ထိုအိပ်မက်တွင် သူမသည် မိဘများမရှိသလို အစ်ကိုကြီးများလည်း မရှိခဲ့ပေ။ သူမသည် မိဘမဲ့ဂေဟာတွင် ကြီးပြင်းလာခဲ့သော ကလေးတစ်ယောက်ဖြစ်သည်။
သူမသည် အခြားကလေးများကဲ့သို့ ချမ်းသာကြွယ်ဝသည့် ဘဝမျိုးမရှိသော်လည်း ယွီယောင်မှာ ငယ်စဉ်ကတည်းက ထက်မြက်၍တက်ကြွနေခဲ့သည်။ သူမတွင် သာမန်လူများ ရယူရန်ပင် မမျှော်လင့်နိုင်သော အရည်အချင်းတစ်ခုရှိနေခဲ့သည်။ ကြင်နာတတ်သောသူ၏ အကူအညီနှင့် သူမသည် သူမ၏တက္ကသိုလ်စာသင်ကြားမှုများ ပြီးမြောက်ကာ အမျိုးသားဌာန၏အဖွဲ့ဝင်ဖြစ်လာရန် သူမ၏အားကောင်းသော ကျွမ်းကျင်ဗဟုသုတအပေါ် မှီခိုခဲ့သည်။
ထိုအချိန်မှစ၍ ယွီယောင်၏ဘဝသည် တည်ငြိမ်အေးချမ်းနေခဲ့သည်။ သို့သော် သူမအလုပ်၏သဘာဝကြောင့် သူမ၏ဘဝတွင် ထိတ်လန့်စရာအခိုက်အတန့်များ ရံဖန်ရံခါ ပေါ်ပေါက်လာကာ သူမကိုယ်သူမအန္တရာယ်ဖြစ်စေခဲ့သည်။
သို့သော်လည်း ယွီယောင်သည် အလွန်ပျော်ရွှင်နေဆဲဖြစ်သည်။
နှစ်ပေါင်းများစွာအလုပ်လုပ်ပြီးနောက် အေးစက်သည့် သဘောထားရှိသောယွီယောင်မှာ သူငယ်ချင်းကောင်းတစ်ချို့အား မိတ်ဖွဲ့ခဲ့သည်။ ထိုသူများထဲတွင် သူမ၏သူငယ်ချင်းများထဲမှတစ်ယောက်မှာ ကြီးပြင်းလာသော ပျော်ရွှင်သောမိသားစု၏ ရိုးသားဖြောင့်မတ်မှု ရှိနေခဲ့သည်။ သူမသည် အချစ်ဒရာမာဝတ္ထုအမျိုးအစားအားလုံးအား ဖတ်ရသည်ကို ကြိုက်နှစ်သက်ကာ ထိုအရာများအား ဇွဲရှိရှိနှင့်ဖတ်ရှုစဉ် ယုတ္တိမရှိသောဇာတ်ကွက်တစ်ချို့အကြောင်း ပြောလေ့ရှိသည်။
ထိုသူငယ်ချင်းကောင်းမှာ အလွန်နွေးထွေးကာ ဖော်ရွေသည်။ ဆွေမျိုးများမရှိသော ယွီယောင်မှာ အလွန်သနားစရာကောင်းသည်ဟု ထင်မိသောကြောင့် သူမသည်ယွီယောင်နှင့် အမြဲနေချင်ခဲ့သည်။ အားလပ်ရက်များတွင် ထိုသူငယ်ချင်းမှာ ယွီယောင်အား ဆော့ကစားရန် နေရာစုံသို့ခေါ်ဆောင်သွားကာ ယွီယောင်အား မိသားစုတစ်စု၏ သာမန်အခြေအနေများကို ခံစားခွင့်ပြုရန် သူမ၏ကိုယ်ပိုင်အိမ်သို့လည်း ခေါ်လာခဲ့သည်။

YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...