115 01
Chapter 115: ဒုတိယအစ်ကို၏ဆုံးဖြတ်ချက်
ယွီယောင်သည် အိပ်ရာမှ နိုးထလာခဲ့ပြီး ယွီဟန်သည် သူမအိမ်တွင်ရှိနေသေးသည်ကို သတိပြုမိခဲ့သည်။ ထမင်းစားစားပွဲပေါ်တွင် အစားအသောက်များရှိနေခဲ့ပြီး ယွီဟန်သည် သူ၏အရှေ့ရှိ ဆေးလိပ်ပြာခွက်ထဲ၌ စီးကရက်အကြွင်းအကျန်အချို့ရှိနေကာ ဧည့်ခန်းထဲတွင်ထိုင်နေခဲ့သည်။
ယွီယောင်သည် သမ်းဝေကာ ယွီဟန်၏အနားသို့ လျှောက်လာခဲ့သည်။ သူမ မေးလိုက်သည်။ "အစ်ကိုကြီး ခုနက လာသွားသေးတာလား"
ယွီဟန်သည် ခေါင်းခါလိုက်သည်။ "မလာပါဘူး။ ဘာလို့ယောင်ယောင်က အဲ့လိုမျိုးမေးရတာလဲ"
ယွီယောင်သည် သူမ၏အကြည့်အား ကော်ဖီစားပွဲပေါ်ရှိ ဆေးလိပ်ပြာခွက်ဆီသို့ အချက်ပြလိုက်သည်။ "အစ်ကို ဘယ်တုန်းကမှ ဆေးလိပ်မသောက်ပါဘူး။ ဒါကိုအစ်ကိုကြီး ချန်ထားခဲ့တာလား"
သူသည် ယွီယောင်အား သူ၏ဘဝနေထိုင်မှုကို အလွန်ရှင်းလင်းစွာ မှတ်မိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ နွေးထွေးမှုတစ်ခုမှာ သူ၏နှလုံးသားထဲ၌ ပေါ်ပေါက်လာကာ သူ၏နှုတ်ခမ်းပေါ် ပင်ပန်းနေသည့်အပြုံးတစ်ခုပေါ်လာပြီး ပြောခဲ့သည်။ "ငါဒီနေ့စိတ်အခြေအနေမကောင်းလို့ ဆေးလိပ်နည်းနည်းသောက်ခဲ့တယ်။ ယောင်ယောင်၊ နင်မီးခိုးနံ့ရလား"
"မရပါဘူး" ယောင်ယောင်သည် ခေါင်းခါပြလိုက်သည်။ "လေအေးပေးစနစ်အသစ်ကို မဖွင့်ထားဘူးလား။ နောက်ပြီး ညီမက ဆေးလိပ်နံ့မကြိုက်ဘူး..."
စီးကရက်အနံ့အား ပြောလိုက်သည့် အခိုက်အတန့်၌ အရပ်ရှည်၍ချောမောသော ရုပ်ပုံတစ်ခုမှာ ယွီယောင်၏စိတ်ထဲ ရုတ်တရက်ပေါ်ပေါက်လာခဲ့သည်။ သူမသည် ယခင်က ရှောင်းလျန်အား ဖက်ခဲ့ဖူးသည်ကို သတိရသွားခဲ့သည်။ တစ်ခဏအတွင်း သူမသည်သူ၏ရနံ့ကိုလည်း ရခဲ့ဖူးသည်။ သူသည်ရေမွှေးများသုံးခြင်းကို ကြိုက်နှစ်သက်သည့်ပုံမပေါ်သောကြောင့် သူ၏ရှပ်အင်္ကျီပေါ်တွင် ဆေးပေါ့လိပ်အနံ့ဖျော့ဖျော့လေး ရှိနေခဲ့သည်။ ၎င်းသည်အလွန်သန့်ရှင်းကာ ဆွဲဆောင်မှုရှိလွန်းသည်...

YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...