Part 65

1.8K 157 0
                                    

65 01

Chapter 65: အခွင့်ကောင်းယူခြင်း

ယွီ‌ကျွယ်သည်‌ယွီယောင်၏အမိန့်များကြောင့် အလွန်စိတ်အား ထက်သန်နေသည်။ သူမ၏စီမံမှုအောက်၌သူသည် ဟင်းသီး ဟင်းရွက်ဆေးခြင်း၊ ကြက်သွန်ဖြူခွာခြင်းနှင့် အခြားလွယ်ကူသော တာဝန်များဖြင့် အလုပ်ရှုပ်နေသည်။

ယွီယောင်မှာဟင်းသီးဟင်းရွက်များအား လှီး၍ချက်သော ပို၍ရှုပ်ထွေးသည့်တာဝန်များအား ယူလိုက်သည်။ သူတို့နှစ်ယောက် အတူတူအလုပ်လုပ်ခြင်းဖြင့် မူလကရှုပ်ပွကာအစီအစဉ်မကျဖြစ်နေသော မီးဖိုချောင်မှာတဖြည်းဖြည်းအစီအစဉ်တကျဖြစ်လာ လိုက်သည်။ မကြာမီတွင်ဝက်သား၏ချိုချဉ်အနံ့မှာ မီးဖိုချောင်မှထွက်လာလိုက်သည်။

စားသော က်ပြီးသည့်နောက်ယွီကျွယ်သည် ပန်းကန်များဆေးပေးလိုက်သည်။

ထုတ်လုပ်ရေးအဖွဲ့သားများမှာယွီယောင်အား စာအိတ်တစ်အိတ်လှမ်းပေးလိုက်သည်။ သူမဖွင့်ကြည့်လိုက်သောအခါ လုပ်ဆောင် ရမည့်တာဝန်ပါသည့်ကတ်အား တွေ့လိုက်သည်။ လုပ်ဆောင်ရမည့်တာဝန်ကတ်မှာ အဖွဲ့တစ်ခုချင်းစီ၏ဧည့်သည် များအား ယခင်တစ်ခေါက်ကအင်တာဗျူးတွင် သူတို့၏မိသားစုဝင်များ၏ဆန္ဒအား ဖြည့်ဆည်းရန်ဖြစ်ပြီးသူတို့သည် ဤအရာအား နောက်တစ်ရက်ခွဲအတွင်းလုပ်ဆောင်ရမည်။

ယွီယောင်သည် သူမနှင့် ယွီကျွယ်အင်တာဗျူး၌ပြောခဲ့သော အရာအား သေချာပြန်တွေးကြည့်မိလိုက်သည်။ ထို့နောက်သူမ၏အမူအရာမှာ အေးစက်သွားလိုက်သည်။

ယွီကျွယ်သည် သူတို့နှစ်ယောက်လုံးတစ်ရက်တာအထဲဝင်၍ကစားနိုင်မည့် Disneyland နေရာတစ်ခုလုံးအား ကြိုတင်ငှားရမ်း ထားချင်သည် ကို သူမမှတ်မိလိုက်သည်။ သူမ၏ဆန္ဒမှာယွီကျွယ်အား ငြိမ်ငြိမ်နေခိုင်းကာသူမအား မနှောင့်ယှက်ရန်ဖြစ်သည်။

သူမ၏ဆန္ဒမှာပုံမှန်သာဖြစ်သေးသည် ဟုယွီယောင်ထင်မိသော်လည်း ယွီကျွယ်၏ဆန္ဒမှာမူသူမအတွက် ကိစ္စများအား ခက်ခဲအောင်လုပ်နေသည်။

Disney သည် သူတို့ကို ယ်တိုင်အတွက်နေရာတစ်ခုလုံးအား ကြိုတင်ငှားရမ်းခွင့်မပေးသည့်အချက်အား ဘေးဖယ်လိုက်လျှင် သူတို့တွင်သူတို့၏လက်ရှိလုပ်ဆောင်မှုများအတွက်ယွမ်၂၀၀ကျော်သာကျန်ပြီး Disney သို့သွား‌နိုင်စွမ်းမရှိပေ။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Où les histoires vivent. Découvrez maintenant