104 01
Chapter 104: အကြမ်းဖက် တိုက်ခိုက်မှု
ယွီယောင်၏အသံမှာ မကျယ်သောကြောင့် ယွမ်ကျင်းသည် သူမအား ရှင်းလင်းစွာမကြားနိုင်ပေ။ သူသည် စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။ "နင်ဘာပြောလိုက်တာလဲ"
ယွီယောင်သည် ခေါင်းခါပြခဲ့သည်။ "ဘာမှမဟုတ်ဘူး။ ငါတစ်ခုခုကိုတွေးမိလို့။ ဒါနဲ့ နင်ခုနကပြောတဲ့ ယွီကျွယ်ရဲ့ပရိသတ်အဖွဲ့နာမည်အနေနဲ့ ဆန္ဒပြပွဲမှာ ပါမယ်ဆိုတဲ့အကြောင်းကထားလိုက်တော့။ နင်ကနိုင်ငံရေးအဖွဲ့အစည်းမဟုတ်တဲ့ ပရိသတ်အဖွဲ့ပဲလေ။ ယွီကျွယ်ကလည်း နိုင်ငံရေးအဖွဲ့ခေါင်းဆောင်မဟုတ်တဲ့ သာမန်အနုပညာရှင်ပဲ။ နင်သူ့ကိုဝင်ပါခိုင်းရင် သူ့ရဲ့အသက်မွေးဝမ်းကြောင်းကို ထိခိုက်နိုင်ချေများတယ်"
ယွမ်ကျင်းသည် နားလည်သောကြောင့် ခေါင်းငြိမ့်ပြလိုက်သည်။ "ငါနားလည်ပြီ။ ဒါကအစ်ကို့အတွက်မကောင်းဘူးလို့ တခြားပရိသတ်ကြီးတွေကပြောကြပေမယ့် အကြောင်းအရင်းတိတိကျကျ မရှင်းပြခဲ့ကြဘူး။ နင်သတိပေးလိုက်တော့ ငါနားလည်သွားပြီ။ ငါပရိသတ်အဖွဲ့ရဲ့ အခြားမန်နေဂျာတွေကို ရှင်းပြပြီး အဲ့ဒီအသုံးမကျတဲ့ပရိသတ်တွေကို တားခိုင်းလိုက်မယ်"
ယွီယောင်သည် ယွမ်ကျင်းဆီမှ လှုံ့ဆော်မှုတစ်ချို့အား ရရှိခဲ့သည်။ သူမအိမ်ပြန်ရောက်သောအခါ သူမ၏ကွန်ပျူတာအား ဖွင့်ကာ သူမယခင်ကတစ်ခါမှ သတိမထားမိခဲ့သော ပရိသတ်အဖွဲ့များမှ မှတ်ချက်များအား စတင်၍သုံးသပ်နေခဲ့သည်။
ဤသည်မှာ ထိုပရိသတ်များသည် သာမန်ပြည်သူများထက် အစွန်းရောက်သည့်သဘောထားများရှိကာ ပို၍စည်းစနစ်ကျကာ စည်းကမ်းရှိသောကြောင့် ဖြစ်သည်။ သူတို့၏မှတ်ချက်များမှာ သေသပ်သောပုံစံများနှင့် နားမလည်နိုင်သော လျှို့ဝှက်စာတိုများဖြင့် အစုလိုက်အပြုံလိုက်ဖြစ်နေကြသည်။ ထို့အပြင် သူတို့၏အတွေးများနှင့် သဘောထားများအားဖော်ပြရန် အရူးမိုက်ဆုံးဘာသာစကားအား စတင်သုံးစွဲခဲ့ကြကာ ယွီယောင်အတွက် ၎င်းတို့ကိုစီမံရန် အလွန်ခက်ခဲစေခဲ့သည်။
သို့သော် ဂရုတစိုက်လေ့လာသုံးသပ်ပြီးသည့်နောက် ယွီယောင်သည် ထိုရူးကြောင်ကြောင်မှတ်ချက်များမှ သဲလွန်စတစ်ချို့ကို ရှာတွေ့နေဆဲဖြစ်သည်...

STAI LEGGENDO
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Storie d'amoreဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...