Part 51

2.6K 238 0
                                    

Unicode

Chapter 51: မောပန်းမှု

ယွီကျွယ်သည် ယွီယောင်အားလှမ်းဆွဲကာ တီဗီဇာတ်လမ်းတွဲ၏ ဇာတ်ရုပ်အကြောင်းကို စိတ်လှုပ်ရှားစွာ ရှင်းပြခဲ့သည်။ နောက်ဆုံး၌ သူသည် ဂုဏ်ယူစွာ ပြောလိုက်သည်။ “ငါကြွားတာတော့ မဟုတ်ပေမယ့် လူတိုင်းက ဒီတီဗီဇာတ်လမ်းတွဲမှာ ငါ့ရဲ့သရုပ်ဆောင်စွမ်းရည်က အရင်ကထက် အများကြီး တိုးတက်လာတယ်လို့ ထင်ကြတယ်။ ငါလည်း ဒီဇာတ်လမ်းတွဲက ငါ့ရဲ့သရုပ်ဆောင်စွမ်းရည် အရမ်းကောင်းတယ်လို့ ထင်တယ်”

မြင်ကွင်းမှာ ယွီကျွယ်သရုပ်ဆောင်သော အမျိုးသားဇာတ်ဆောင်‌မှာ အဆိပ်သင့်ပြီးနောက် သွေးအန်နေသည့် အပိုင်းသို့ ပြောင်းသွားခဲ့သည်။

ဖန်သားပြင်ပေါ်တွင် အမျိုးသားဇာတ်ဆောင်မှာ ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။ သူသည် သူ၏ရင်ဘတ်အား ဆုပ်ကိုင်ထားကာ သူ၏မျက်နှာမှာ မယုံကြည်မှုများဖြင့် ပြည့်နေသည်။ ထို့နောက်‌ သွေးရင့်ရင့်နှစ်ကြောင်းသည် သူ၏ပါးစပ်ထောင့်များမှ တဖြည်းဖြည်း ထွက်လာသည်။ အမျိုးသားဇာတ်ဆောင်မှာ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားခဲ့သည်...

ယွီယောင်သည် တီဗီဖန်သားပြင်ပေါ်မှ ယွီကျွယ်၏လွန်ကဲနေသော အမူအရာအားကြည့်ကာ အစောပိုင်းက ယွီကျွယ်၏ ကြွားဝါမှုအား ပြန်တွေးကြည့်ခဲ့သည်။ ယွီကျွယ်သည် အရှက်မရှိသည့်လူဖြစ်ကြောင်း သူမ သိသော်လည်း သူမသည် သူ၏သရုပ်ဆောင်စွမ်းရည်မရှိမှုအား လိမ်ညာကာ ကြွားဝါလိမ့်မည်ဟု အမှန်တကယ် မထင်ထားခဲ့ပေ။

ယွီကျွယ်မှာ ယွီယောင်အား တစ်ချိန်လုံး အာရုံစိုက်နေသောကြောင့် ဖန်သားပြင်ပေါ်မှ သူ၏သရုပ်ဆောင်စွမ်းရည်များမှာ အလွန်အဆင်မပြေဖြစ်နေသည်ကို သတိမထားမိခဲ့ပေ။

သူသည် လုံးဝစိတ်မဝင်စားကြောင်း တွေ့ရသဖြင့် သူ၏ကိုယ်ပိုင်သရုပ်ဆောင်မှုအား မြင်လျှင်ပင် လုံးဝအပြစ်မရှိသည့် ခံစားချက်မျိုး ယွီယောင်အား ပေးလိုက်သည်။

ယွီယောင်သည် သူမ၏လက်အား မြှောက်လိုက်ကာ ယွီကျွယ်၏မျက်နှာအား ထိလိုက်သည်။ သူမ၏အပြုအမူများကြောင့် သူ ထိတ်လန့်သွားကာ သူနှင့်အလွန် နီးကပ်စွာထိုင်နေသော ယွီယောင်အား ကြောင်ကာ ငေးကြည့်နေမိသည်။ “ယောင်ယောင် နင်ဘာလုပ်တာလဲ။ ငါ့မျက်နှာမှာ တစ်ခုခုရှိလား”

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Kde žijí příběhy. Začni objevovat