82 01
Chapter 82: ပင့်ကူ
သုံးရက်ကြာရိုက်ကူးရန် စီစဉ်ထားသော ရသစုံရှိုး၏ ဒုတိယမြောက်အပိုင်းရိုက်ကူးရေးမှာ စတင်ခဲ့သည်။
ယွီကျွယ်နှင့်ယွီယောင်သည် သန့်ရှင်းရေးပစ္စည်းများရှာတွေ့ကာ ဤဟောင်းနွမ်းပျက်စီးနေသော ကျေးလက်အိမ်အား စတင်၍သန့်ရှင်းရေးလုပ်ခဲ့သည်။
အစပိုင်း၌ ယွီဝမ်မှာ အထင်အမြင်သေးစွာ ကြည့်နေခဲ့သည်။ ထို့နောက် သူမသည်ကင်မရာရှေ့တွင် အကဲပိုနေသည်ဟု မထင်စေချင်သောကြောင့် သူမသည် တံမြက်စည်းအားယူကာ ဟိုဟိုသည်သည်လှည်းဟန်ဆောင်နေသောကြောင့် အနည်းဆုံးသူမအလုပ်လုပ်နေပုံပေါ်သည်။
သို့သော်သူမသည် စိတ်ပျက်သည့်အမူအရာ ဖြစ်နေခဲ့သည်။ သူမသည် ပြဿနာရှာခဲ့သည်။ "သန့်ရှင်းရေးလုပ်ရတာ အရမ်းခက်တာပဲ။ ဘယ်လောက်ပဲ ကြမ်းပြင်ကို လှည်းလှည်း ရှင်းလို့ရမှာမဟုတ်ဘူး။ ဒီလိုအိမ်မျိုးမှာ အခုဘယ်သူနေသေးလို့လဲ။ ထုတ်လုပ်ရေးအဖွဲ့က ပြဿနာရှာနေတာလား"
ယွီဝမ်အပြစ်စတင်သောအခါ ယွီကျွယ်သည်သူမအား လျစ်လျူရှုခဲ့သည်။ နောက်ပိုင်းတွင် သူ၏နားများသည် ဆူညံပူညံပြောသံအား မခံနိုင်တော့သောကြောင့်ဖြစ်မည်။
ယွီကျွယ်သည် သူ၏စိတ်မရှည်မှုအား ချုပ်တည်းကာ ပြောခဲ့သည်။ "ဒါက ထုတ်လုပ်ရေးအဖွဲ့က ချမှတ်ထားတဲ့ စည်းကမ်းတွေပဲ။ အရင်တစ်ပတ်က ငါတို့ရဲ့အမှတ်တွေက နောက်ဆုံးမှာလေ။ ငါတို့ဒီလိုအိမ်မျိုးကိုပဲ ရွေးလို့ရမှာပေါ့။ နင့်အတွက်ခက်ခဲတယ်ထင်ရင်တော့ အခုထွက်သွားလို့ရတယ်။ ဘာဖြစ်ဖြစ် နင်ထုတ်လုပ်ရေးအဖွဲ့နဲ့ စာချုပ်ချုပ်ထားတာမှမဟုတ်တာ"
ယွီဝမ်သည် ယွီကျွယ်နှင့် သူမ၏ဆက်ဆံရေးအား ပြုပြင်ရန် ရသစုံရှိုး၌ ပါဝင်ခဲ့သည်။ သို့မဟုတ်လျှင် သူမသည်အဘယ်ကြောင့် ဤကဲ့သို့ ကျေးဇူးတင်စရာမကောင်းသောအရာအား လုပ်မည်နည်း။ သူမသည်ပထမခြေလှမ်းပင် မလှမ်းရသေးသောကြောင့် သူမမည်ကဲ့သို့ အလွန်အလွယ်တကူ လက်လျှော့နိုင်မည်နည်း။
သူမ၏မျက်နှာပေါ်မှ မကျေမနပ်ဖြစ်မှုအား အလျင်အမြန်ဖုံးကွယ်ကာ ယွီဝမ်သည် စိတ်ပေါ့ပါးဟန်ဆောင်ကာ ယွီကျွယ်အား အပြုံးနှင့်ပြောလိုက်သည်။ "အစ်ကိုငယ် ညီမကို အထင်လွဲသွားတဲ့ပုံပဲ။ ညီမအရှုံးမပေးချင်ပါဘူး။ ညီမဒီတိုင်းနည်းနည်းပဲမပျော်တာပါ။ ဒါပေမယ့် အစ်ကိုငယ်နဲ့အတူ ဒီရှိုးကိုရိုက်ကူးရဖို့အတွက် နည်းနည်းကြိုးစားတာလောက်က ဘာမှမဟုတ်ပါဘူး"

VOUS LISEZ
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Roman d'amourဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...