Part 25

3.6K 272 0
                                    

Unicode
Chapter 25: အမှိုက်ရှင်းသူ

ယွီယောင်သည်အချိန်ပိုင်းလုပ်ချင်သော်လည်း အလုပ်ရှာရန်အလျင်မလိုပေ။

တစ်ဖက်တွင် သူမသည်ယွီမိသားစုအား မုန်းသော်လည်း သူတို့ပိုက်ဆံအား ဖြုန်းနေရ‌ခြင်းကြောင့် ဝန်ထုပ်ဝန်ပိုးဟု မခံစားမိပေ။ တက်ဖက်တွင်မူ သူမ၏အရင်ဘဝမှစွမ်းရည် အားလုံးနီးပါး ရှိနေဆဲဖြစ်သောကြောင့် ပိုက်ဆံရှာခြင်းသည် သူမအတွက်မခက်ခဲပါ။

ယွီယောင်နေထိုင်ခဲ့သော ကမ္ဘာဖြစ်သည့် သူမ၏အရင်ဘဝတွင် အလွန်အဆင့်မြင့်သော ကွန်ရက်ပတ်ဝန်းကျင်နှင့် သတင်းအချက်အလက်နည်းပညာများ ရှိခဲ့သည်။ နိုင်ငံများနှင့် အဖွဲ့အစည်းများအတွက် အင်တာနက်မှတစ်ဆင့် အချင်းချင်းပြိုင်ဆိုင်၍ခုခံကြသည်မှာ ပုံမှန်ပင်ဖြစ်သည်။ သူမသည် အထူးအမျိုးသားလုံခြုံရေးဌာနမှပိုင်ဆိုင်သော ဆိုက်ဘာလုံခြုံရေးအဖွဲ့တွင် အလုပ်လုပ်ခဲ့သည်။

သူမသည် ဤအလုပ်အား စိတ်ကျေနပ်သလို စိတ်မကျေနပ်မှုများလည်းရှိခဲ့သည်။ တစ်ဖက်တွင် အလုပ်ပတ်ဝန်းကျင်မှာ ရိုးရှင်း၍လစာမှာလည်း အလွန်ရက်ရောလှသည်။ တစ်ဖက်တွင်မူ အလုပ်ချိန်များခြင်း၏ ပြင်းထန်မှုမှာ သူမအား အလုပ်ထွက်စေချင်သည့်အတွေးများ မရေမတွက်နိုင်အောင် ဖြစ်ခဲ့သည်။

သူမသည် အလုပ်ထွက်ပြီး သူမဘဝအား ပျော်ရွှင်စွာဖြတ်သန်းရန် ပိုက်ဆံအလုံအလောက်မစုနိုင်ခင် အာဖရိကနိုင်ငံမှ နည်းပညာအကူအညီ ရယူနေစဉ် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ထို့နောက် သူမကိုယ်သူမ လက်ရှိကမ္ဘာတွင် တွေ့ခဲ့ရသည်။

စာရေးသူသည် ဝတ္ထုရေးစဉ်က အင်တာနက်သည် အတိုင်းအတာတစ်ခုအထိ မဖွံ့ဖြိုးသေးသောကြောင့်ပင် ဖြစ်မည်။ ဝတ္ထုထဲရှိ ကမ္ဘာ၏အခြေအနေတွင် နည်းပညာတိုးတက်မှုသည် ယွီယောင်၏အမြင်တွင် အခြေခံသာရှိနေသေးသည်။

ယွီယောင်သည် ငွေရှာရန် သူမ၏အဆင့်မြင့်နည်းပညာဗဟုသုတအပေါ် အားကိုးနိုင်ကာ နည်းပညာအဖွဲ့အသစ်ပင် တည်ထောင်နိုင်သည်။ သို့သော် သူမသည် ထိုကဲ့သို့ဘဝမျိုးအား နေထိုင်ခဲ့ပြီးဖြစ်သည်။ ယခုတွင် သူမသည် စိတ်အေးလက်အေးနှင့် လွတ်လပ်သော တက္ကသိုလ်ကျောင်းသူသာ ဖြစ်ချင်နေသည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Donde viven las historias. Descúbrelo ahora