Chapter 127: မိဘများလုံခြုံသည်
ယွီလန်နှင့်ယွီဟန်တို့၏ ပြန်လည်မွေးဖွားခြင်းနှင့် ပတ်သက်သော ဖြစ်ရပ်မှန်မှာ ယွီယောင်၏စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးအား လျော့ကျသွားစေခဲ့သည်။ သူမသည် လေယာဉ်ပျက်ကျမှုအတွက် သူမကိုယ်သူမ အပြစ်မတင်တော့သော်လည်း ယွီဟုန်နှင့်ချန်းလင်တို့၏ ဘေးကင်းမှုအတွက် စိတ်ပူနေဆဲဖြစ်သည်။
သူမသည် ယွီလန်အား ဖက်ထားခဲ့သောကြောင့် အရာအားလုံးနှင့် သက်တောင့်သက်သာသာဖြစ်နေပုံရသော ယွီလန်မှာ ခံစားချက်များမရှိသူမဟုတ်ကြောင်း သူမသတိပြုမိခဲ့သည်။အသက်ကြီးလာသောအခါမှသာလျှင် ယွီမိသားစုဆီသို့ ပြန်လာခဲ့သော သူမနှင့်မတူဘဲ ယွီလန်နှင့်ယွီဟန်တို့မှာ သူတို့၏မိဘများနှင့် ပို၍အချိန်ဖြုန်းခဲ့ရသည်။
ထို့ကြောင့် ယွီယောင်နှင့်ယှဉ်လျှင် သူတို့သည် သူတို့၏မိဘများအား ပို၍ပင်စိတ်ပူနေခဲ့သည်။ ဤအချိန်၌ သူတို့၏နှလုံးသားများမှာ ယွီယောင်ထက် ပို၍နာကျင်နေခဲ့ရသည်။ သို့သော် သူတို့သည်ဤနာကျင်မှုအား သည်းခံကာ ဝမ်းနည်းနေသော ယွီယောင်အား နှစ်သိမ့်ပေးရန် လာခဲ့ကြသည်။
သူတို့ထင်နေသည့်အတိုင်း သူမမှာယွီယောင်၏ ဒုတိယကိုယ်ရည်ကိုယ်သွေးမဟုတ်ကြောင်း သူမ၏စိတ်ထဲတွင် သိနေခဲ့သော်လည်း သူတို့၏ချစ်ခြင်းမေတ္တာနှင့် စောင့်ရှောက်မှုများကြောင့် စိတ်ထဲ၌ပျော်ရွှင်ခဲ့ရသည်။
သူမသည် သူမ၏စိတ်ထဲ၌ တီးတိုးပြောလိုက်သည်။ "ယွီယောင်၊ နင်သာဒီခန္ဓာကိုယ်ထဲသာရှိနေသေးရင် နင့်အစ်ကိုတွေက နင့်ကိုဘယ်လိုချစ်ရမလဲဆိုတာ သင်ယူပြီးသားပါ..."
ထိုအခိုက်အတန့်၌ မောင်နှမသုံးယောက်မှာ အတူတကွ ဖက်ထားခဲ့ကြသည်။ လေဆိပ်တွင်ရှိသော ခရီးသည်များစွာကဲ့သို့ လူတိုင်းသည် လှမ်းကြည့်ကာ သနားမိခဲ့ကြသည်။ ဤကဲ့သို့ မိသားစုလိုက်ဖက်နေခြင်းနှင့် တိတ်တဆိတ်ဆုတောင်းနေခြင်းတို့သည် ပျက်ကျသွားသောလေယာဉ်ပေါ်တွင် မိသားစုများနှင့်သူငယ်ချင်းများ ရှိနေသောကြောင့် ဖြစ်နိုင်သည်။

CZYTASZ
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romansဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...