Part 112

809 51 1
                                    

112 01

Chapter 112: မူးယစ်ဆေးစွဲသူများအား တိုင်ကြားခြင်း

ဝမ်မောင်၏အဖြေမှာ ဖန်းယွမ်အား ကြက်သီးထသွားစေခဲ့သည်။

ဝမ်မောင်သည်အံကြိတ်ခဲ့သည်။ "ခုနကသူငါ့ကိုကြည့်လိုက်တဲ့ပုံကို ငါမကြိုက်ဘူး။ သူက အရူးမဟုတ်ရင် လူသတ်သမားကို ကြည့်လိုက်သလိုမျိုးပဲ။ သူ့မျက်လုံးတွေတောင် ဖောက်ထုတ်ပစ်ချင်သွားတယ်"

လျိုချန်သည် ပို၍မျက်မှောင်ကြုတ်သွားကာ တိုးတိုးတိတ်တိတ်ဆူလိုက်သည်။ "မင်းကိုယ်မင်းထိန်းစမ်း။ ပါးစပ်စည်းမစောင့်တာ မင်းပဲ။ မင်းပဲသတင်းတွေဖြန့်ပြီး မင်းလူသတ်လိုက်တယ်လို့ ဝန်ခံပြီး လူတိုင်းသိအောင်လုပ်ခဲ့တယ်။ အခု‌မင်းက လူသတ်သမားလိုမျိုးမင်းကို ကြည့်‌တဲ့သူတွေကို အပြစ်တင်နေပြန်ပြီ"

ထို့နောက် သူတို့အခြားအရာပြောခဲ့သော်လည်း ဖန်းယွမ်မှာ ၎င်းတို့အား မကြားခဲ့ပေ။

သူမသည်ကြောက်ရွံ့သွားကာ ဝန်ထမ်းများ အနားယူခန်းသို့ အမြန်ပြန်သွားခဲ့သည်။ သူမသည် ဆိုဖာပေါ်ထိုင်ချလိုက်သောအခါ သူမ၏တစ်ကိုယ်လုံးမှာ တုန်လှုပ်နေခဲ့သည်။ သူမ၏လုပ်ဖော်ကိုင်ဖက်များလာ၍ သူ့အားစိတ်ပူသောကြောင့်မေးခဲ့သည်။ "ဘာဖြစ်တာလဲ။ ဘာလို့နင်အရမ်းတုန်နေတာလဲ"

ဖန်းယွမ်သည် အထူးပုဂ္ဂိုလ်အခန်း၌ ဘာဖြစ်ခဲ့သည်ကို ဖော်ပြကာ သူမ၏လုပ်ဖော်ကိုင်ဖက်များမှာလည်း တုန်လှုပ်သွားခဲ့ကြသည်။

"ဒါတကယ့်ကို ရွံဖို့ကောင်းတာပဲ။ ဒီအပြစ်သားနှစ်ယောက်က မျက်နှာပြောင်တိုက်ပြီး အပြစ်ဒဏ်ကလွတ်သွားခဲ့တယ်။ သူတို့တကယ် နိုင်ငံခြားကိုထွက်ပြေးသွားရင် သူတို့လုံးဝလွတ်လပ်သွားမှာပဲ။ နိုင်ငံခြားမှာ သေဒဏ်တောင်ရှိမှာမဟုတ်ဘူး။ သူတို့ကအရမ်းချမ်းသာတယ်။ နောက်ကျရင် သူတို့လိုချင်တာ ဘာမဆိုလုပ်နိုင်မှာမဟုတ်ဘူးလား"

"ရဲတွေက အသုံးလည်းမကျဘူး။ သူတို့ကို ဖမ်းမိပေမယ့် လွှတ်ပေးလိုက်သေးတာပဲ"

"ရဲကို အပြစ်တင်လို့မရဘူးလေ။ သူတို့ကနိုင်ငံကို ဖိအားပေးဖို့ အာဏာရှင်စနစ်တွေသုံးနေတာ။ သူတို့က သူတို့ပြည်သူတွေရဲ့ တရားဥပဒေမှန်ကန်ရေးတွေကို ကာကွယ်စောင့်ရှောက်ချင်တယ်လို့ပြောတယ်လေ။ ရဲတွေဘာလုပ်နိုင်မှာလဲ"

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Where stories live. Discover now