Chapter 122: ချမ်းသာသည့် လူတန်းစား အစစ်အမှန်
ချန်းလင်သည်သူမအား စိတ်ပူနေလိမ့်မည်ကို သူမသိသော်လည်း သူမသည်ရဲတပ်ဖွဲ့နှင့် လေးနက်စွာအလုပ်လုပ်ခဲ့သောကြောင့် ယွီယောင်သည် ပို၍အန္တရာယ်များသော ကိစ္စရပ်များတွင် မလွှဲမရှောင်သာ ပါဝင်ခဲ့သည်။ သူမသည် ရပ်တန့်ချင်စိတ် မရှိခဲ့ပေ။
သူမသည် အန္တရာယ်အား အလွန်ကြောက်ရွံ့နေပါက ပါးနပ်သောA3နှင့် လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းအား မည်ကဲ့သို့ရှာတွေ့နိုင်မည်နည်း။
သူမသည် သူမ၏ရန်သူအား ရှာရသည်။
ယွီယောင်သည် ရက်ပေါင်းများစွာ ရုံးခန်းထဲ၌ အလုပ်များနေခဲ့ကာ ယွီဟုန်နှင့်ချန်းလင် နိုင်ငံသို့ပြန်လာမည်အချိန်ကို မေ့နေခဲ့သည်။ ကံကောင်းထောက်မစွာနှင့် သူမနှင့်ယွီဟန်သည် အတူတူအလုပ်လုပ်ခဲ့ကြသည်။ ယွီဟန်သည် ကုမ္ပဏီ၏သူဌေး ဖြစ်သည်သာမက သူသည်နည်းပညာပိုင်းမှလွဲ၍ အရာအားလုံးအား တာဝန်ရှိသူဖြစ်သည်။ သူသည် ဘဝတွင် ယွီယောင်အား စေ့စပ်စွာ ပြုစုရသည်။
သူမ၏ပြည့်စုံသော ကလေးထိန်းအဖြစ် ယွီဟန်နှင့်အတူ ယွီယောင်သည် အလုပ်မှလွဲ၍ မည်သည့်အရာကိုမျှ စဉ်းစားရန် မလိုအပ်ပေ။ ထို့ကြောင့် သူမသည် နေ့တိုင်းဘာစားခဲ့သည်ကိုပင် စိတ်ပူစရာမလိုတော့ဘဲ ယွီဟုန်နှင့်ချန်းလင်တို့ နိုင်ငံသို့ပြန်ရောက်လာမည်ကိုပင် မေ့လျော့နေခဲ့သည်။
သူမအား ယွီဟန်မှ ရုံးခန်းထဲမှဆွဲထုတ်ကာ စတိုင်လ်ပြုပြင်သည့် စတူဒီယိုသို့ ပို့လိုက်သည်။ သူမသည် ဆံပင်စတိုင်အသစ်ရသွားကာ ဇိမ်ခံအမှတ်တံဆိပ်တစ်ခုနှင့် အဝတ်အစားများသို့ ပြောင်းသွားခဲ့သည်။ ယွီယောင်သည် ပေပွ၍အလုပ်ကြိုးစားသော အမျိုးသမီးပရိုဂရမ်ရေးဆွဲသူမှ နူးညံ့ကာ လူမှုရေးသိတတ်သော သမီးတစ်ယောက်ဖြစ်သွားခဲ့သည်။ အထက်တန်းဂုဏ်များနှင့် ပြည့်နေခဲ့သော သူမ၏အစ်ကိုနှစ်ယောက်နှင့် ယှဉ်ရပ်လိုက်သောအခါ ဘေးထွက်မနေခဲ့ပေ။
သူတို့သုံးယောက်လုံး လေဆိပ်ကော်ဖီဆိုင်၌ ထိုင်နေကာ လေယာဉ်ဆိုက်ရောက်လာမည်ကို စောင့်နေခဲ့ကြသည်။ ခရီးသည်များမှာ မလွှဲမရှောင်သာ မောင်နှမသုံးယောက်ဆီသို့ စိုက်ကြည့်မိခဲ့ကြသည်။

YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...