62 01
Chapter 62: ပူးပေါင်းဆောင်ရွက်ခြင်းအား ငြင်းပယ်ခြင်း
ရှောင်းလျန်သည် ယွီယောင်အား သူ၏အကြံစည်ကို အသေးစိတ်မရှင်းပြပဲ အနည်းငယ်သာ ရှင်းပြလိုက်သည်။ "ဒီလူတွေက သူတို့ရဲ့ထိတ်လန့်မှုတွေမှာ ဟာကွက်တစ်ချို့ကို သေချာပေါက်ပြမှာပဲ။ ငါ ဒီတစ်ခါတော့ အပိုင်းအစတွေကို ကောက်လိုက်မယ်"
"ဒါဆို ကျွန်မရှင့်ကို ကြီးမားတဲ့ဟာကွက်မျိုး ရှာတွေ့ဖို့ ဆုတောင်းပေးပါတယ်" ယွီယောင်သည် ပခုံးတွန့်ကာ ပြောလိုက်သည်။ "ကျွန်မက ရှင့်အတွက် ဒီလိုမျိုးသင့်တော်တဲ့ အခွင့်အရေးနဲ့ အခြေအနေကို ဖန်တီးပေးတာကြောင့် ကျွန်မကို အကျိုးအမြတ် တစ်ချို့ မပေးသင့်ဘူးလား"
"မင်းဘာလိုချင်လဲ" ရှောင်းလျန်သည် အံ့ ဩမသွားခဲ့ပေ။ သူသည် ယွီယောင်အား သူမ၏ကံကောင်းမှုကို တွန်းပို့ပေးသည့်အတွက် ပို၍လေးစားမိသည် ဟုတောင် ပြောနိုင်သည်။
"ရှင်ကျွန်မကို အချက်အလက်တွေ ဝေမျှစေချင်တယ်" ယွီယောင်သည် သူမ၏အတွေးအား ပြောပြလိုက်သည်။ "ကြည့်လေ။ ကျွန်မတို့ အခု ဘုံရန်သူရှိနေပြီပဲ။ အနာဂတ်မှာ ကျွန်မတို့ပူးပေါင်းမယ့် အခွင့်အရေး များတယ်။ အချက်အလက်တွေ ဝေမျှတာနဲ့ ဘာလို့မစတာလဲ"
ရှောင်းလျန်သည် ခေါင်းကို ခါလျက် ရယ်မိလိုက်သည်။ သူသည် ယွီယောင်၏သတ္တိအား လေးစားသော်လည်း ငြင်းဆန်မိဆဲ ဖြစ်သည်။ "ငါသိတဲ့အချက်အလက်ကို မင်းနဲ့ဝေမျှလို့ မရနိုင်သေးဘူးလို့ပဲ ပြောနိုင်မယ်။ ဘာကြောင့်လဲဆိုတာ မင်းနားလည်မှာပါ"
ယွီယောင်သည် သက်ပြင်းချလိုက်သော်လည်း သူမသည် အလွန်စိတ်မပျက်သွားခဲ့ပေ။ "ဘာကြောင့် ကျွန်မကို ငြင်းလဲသိပါတယ်။ တစ်ဖက်မှာ ကျွန်မ ဒါမှမဟုတ် ယွီမိသားစုနဲ့ကျွန်မက အင်အား မကြီးတာကြောင့် ဖြစ်မယ်။ စိတ်ကျန်းမာရေးဆေးရုံမှာ ဖြစ်ခဲ့တာကြောင့် ပိုဖြစ်နိုင်တယ်။ ကျွန်မတို့က အခုအရမ်းအန္တရာယ်များတဲ့အခြေအနေ ရောက်နေတာ။ ရှင်နဲ့အလုပ်လုပ်ရင် ရှင့်အတွက် ဝန်ထုပ်တစ်ခုလိုပဲ ဖြစ်နေမှာပါ"

YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...