Unicode
Chapter 16: ငါမင်းကို ထောက်ခံတယ်
ချန်လင်းနှင့် ယွီဟုန်တို့သည် သူတို့၏ကျန်းမာရေးအခြေအနေကြောင့် ဆွစ်ဇာလန်နိုင်ငံတွင်နေထိုင်ကြသည်။ သူမသည် ပထမဆုံးကန့်ကွက်သူဖြစ်သည်။
"မရဘူး။ ငါယောင်ယောင်ကို ဒီလိုမျိုးနာကျင်ခွင့်မပြုဘူး" ချန်လင်း၏စိတ်အခြေအနေသည် ပုံမှန်လူတစ်ယောက်နှင့် သိသိသာသာကွဲပြားလှသည်။ သူမ၏အကြည့်သည်နောက်ဆုံးတွင် ယွီယောင်ဆီမရောက်ခင်တွင် လူတိုင်းအားဝေ့ကြည့်နေသောကြောင့် အာရုံမရပုံပေါ်နေသည်။
"ယောင်ယောင်၊ မေမေ့အဖိုးတန်သမီးလေး။ သူတို့ကိုမယုံနဲ့။ သူတို့ကမကောင်းဆိုးဝါးတွေပဲ"
ချန်လင်းသည် ရုတ်တရက် ထလိုက်ကာ ဖန်သားပြင်ဆီသို့ ပြေးထွက်လာသည်။ ယွီဟုန်သည် သူမအား ဖက်လိုက်သည်။ "ရှူး...ရှူး...စိတ်မပူပါနဲ့။ ယောင်ယောင် အဆင်ပြေသွားမှာပါ။ ကိုယ်နဲ့ သူ့ရဲ့အစ်ကိုသုံးယောက်အနားမှာဆို သူ့ကိုကာကွယ်မှာပါ"
သို့သော် ချန်လင်းသည်ဆက်လက်ရုန်းကန်ရင်းနှင့် ယွီဟုန်၏လက်မောင်းအားရိုက်လိုက်သည်။ "နင်တို့အားလုံးကလူဆိုးတွေပဲ။ ငါကစိတ်မနှံ့ဘူးလို့နင်တို့အားလုံးပြောကြပြီးတော့ ငါ့သမီးကိုတွေ့ခွင့်မပေးဘူး။ အခုလည်း ယောင်ယောင်ကနေမကောင်းဘူးလို့နင်တို့ပြောပြန်ပြီ။ နင်တို့က ငါနဲ့ငါ့သမီးကို ဘယ်တော့မှတွေ့ခွင့်မရအောင်လုပ်ချင်နေကြတာ။ နင်တို့ကလူဆိုးတွေ မကောင်းဆိုးဝါးတွေပဲ"
ချန်လင်း၏အခြေအနေမှာ တဖြည်းဖြည်းဆိုးဝါးလာခဲ့သည်။ ယွီဟုန်သည်သူမအား အမြန်ပင် ခေါ်ထုတ်သွားသည်။ မိသားစုဆရာဝန်သည် ရောက်လာ၍သူမအား စိတ်ငြိမ်ဆေး ထိုးပေးခဲ့သည်။ ခုနကမူ ပြဿနာရှာနေခဲ့သော သူမသည် ချက်ချင်းတိတ်ဆိတ်စွာ အိပ်ပျော်သွားခဲ့သည်။
ယွီယောင်သည် မျက်တောင်ခတ်ကာ သူမ၏နှလုံးသားထဲမှခါးသီးမှုအား ပြင်းထန်စွာမျိုသိပ်ခဲ့သည်။
သူမနှင့်ယွီဝမ်ပဋိပက္ခဖြစ်သောအခါ ယွီမိသားစုတစ်ခုလုံးတွင် ခြွင်းချက်မရှိ သူမဘက်တွင်ရပ်တည်ပေးမည့် သူတစ်ယောက်ယောက်ရှိမည်ဆိုပါက သူမ၏မိခင်အရင်းဖြစ်သောချန်လင်းပင်ဖြစ်ပါလိမ့်မည်။

VOUS LISEZ
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Roman d'amourဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...