64 01
Chapter 64: နေ့လယ်စာစားချိန်
ယွီကျွယ်သည် ဆိုင်ရှင်ကသူတို့အား ဒေါသဖြင့်တိုက်ခိုက်မည်ကို ကြောက်ရွံ့ကာ ကြောက်ရွံ့မှုကြောင့်တုန်လှုပ်နေသည်။ သူသည် ယွီယောင်၏အဝတ်စအား ကို င်ကာ ဆိုင်ရှင်အား ထပ်မံ၍ဒေါသထွက်အောင်မလုပ်ရန်သတိပေးချင်နေသည်။
သို့သော်ယွီယောင်သည် ယွီကျွယ်၏လက်အား ရိုက်ချကာ ကွဲပြားစွာပြောလိုက်သည်။ "ကျွန်မတခြားဟင်းပွဲတစ်ချို့ကို ဝယ်ဖို့အထဲကို သွားရဦးမယ်လေ။ ရှင့်အသားကအတော်လတ်ဆတ်တယ်လို့ကျွန်မထင်တယ်။ ရှင့်အသားကတခြားနေရာထက်ပိုပြီးဈေးမကြီးရင် ကျွန်မသေချာပေါက်ဒါကို ဝယ်ဖို့ပြန်လာပါ့မယ်"
"ကောင်းပြီ ညီမလေး။ ဒါဆိုစောင့်နေပါ့မယ်"
မထင်မှတ်ထားပဲနှင့် ကြောက်မက်ဖွယ်ပုံပေါ်သော အသားဆိုင်ပိုင်ရှင်မှာ သူတို့သည် ပစ္စည်းများကို သာကြည့်၍ မဝယ်သော ကြောင့်ဒေါသမထွက်တော့ပေ။ ထို့အစားသူသည် အလွန်ဖော်ရွေစွာပ်ြပြောလိုက်သည်။
ယွီယောင်အား အလှမ်းဝေးအောင်လိုက်လာပြီးနောက် ယွီကျွယ်မှာမနေနိင်တော့ပဲမေးလိုက်သည်။ "ခုနကအဲ့ဒီဆိုင်ရှင်ကစိတ်ဆိုးနေတာမဟုတ်ဘူးလား။ သူကငါတို့ကို တိုက်ခိုက်တော့မယ်တောင်ထင်နေတာလေ"
ယွီယောင်သည် သူ့အား ထူးဆန်းစွာကြည့်လိုက်သည်။ "ဘာလို့သူတို့ကညီမတို့ကို စိတ်ဆိုးရမှာလဲ။ စီးပွားရေးကိစ္စပဲလေ။ ညီမတို့ကသူတို့နံရိုးတွေမဝယ်ရင်တောင် တခြားတစ်ယောက်ဝယ်မှာပဲ။ သူတို့ကညီမတို့မပါပဲစီးပွားရေးမလုပ်တော့တာမျိုး မှမဟုတ်တာ"
ယွီကျွယ်သည် ရှက်သွားလိုက်သည်။ "ယောင်ယောင်မှန်တယ်။ ငါကဒါမျိုးနေသားမကျသေးဘူးလေ"
သူသည် ထူးဆန်းသည့်ပတ်ဝန်းကျင်သို့ရုတ်တရက်ရောက်ရှိလာသော လမ်းပျောက်နေသည့်ခွေးနှင့် တူနေသည်။ သူသည် လူတိုင်းကသူ့ကို နာကျင်အောင်လုပ်ချင်နေကြသည့်အလား သူ၏ခန္ဓာကို ယ်တစ်ခုလုံးနိုးကြားမှုအပြည့်ဖြစ်နေသည်။
ယွီယောင်သည် ရယ်လိုက်ကာယွီကျွယ်၏လက်အား ဆွဲရန်လက်ထုတ်လိုက်သည်။ "စိတ်မပူပါနဲ့။ ညီမဈေးကွက်ထဲမှာ ဈေးဝယ်ထွက်တဲ့အတွေ့အကြုံအများကြီးရှိတယ်။ ညီမနောက်ပဲနီးနီးကပ်ကပ်လိုက်ခဲ့။ အစ်ကို့ကို မပျောက်ပါဘူး"

KAMU SEDANG MEMBACA
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romansaဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...