117 01
Chapter 117: ဈာပနအားတက်ရောက်ခြင်း
"ယေး။ အစ်ကိုကြီး သဘောတူခဲ့ပြီ"
ယွီယောင်သည် ထခုန်ခဲ့ကာ ယွီဟန်အား လက်ဝါးချင်းရိုက်လိုက်သည်။
ဤကဲ့သို့ ကြီးမားသောရင်းနှီးမြုပ်နှံမှုပမာဏနှင့် ယွီလန်သည် အဘယ်ကြောင့်ပဲဖြစ်ဖြစ် ချီတုံချတုံဖြစ်လိမ့်မည်ဟု သူမထင်ခဲ့မိသည်။ သူမသည်သူ့အား အလွန်လွယ်ကူစွာ သဘောတူလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ယွီယောင်သည် ကုမ္ပဏီတစ်ခု၏ ဖန်တီးမှုနှင့် စီမံမှုများအား မရင်းနှီးပေ။ ဤသည်မှာ ယွီဟန်၏ အလုပ်နယ်ပယ်ဖြစ်သောကြောင့် သူသည်ရင်းနှီးမြုပ်နှံသူ ယွီဟန်နှင့် ကိစ္စများအား ဆွေးနွေးခဲ့သည်။ ယွီယောင်သည် ကွန်ပျူတာရှေ့၌ ဆက်ထိုင်နေကာ မတည်ထောင်ရသေးသော ဤကုမ္ပဏီအတွက် ကုဒ်ဝှက်ထားသောရုံးခန်းစနစ်တစ်ခု ဖန်တီးရန် ပြင်ဆင်နေခဲ့သည်။
ယွီလန်နှင့်ယွီဟန်မှာ ညီအစ်ကိုအရင်းများဖြစ်သောကြောင့် သူတို့သည် စတင်သူများနှင့် ရင်းနှီးမြုပ်နှံသူများ အများစုထက် ပို၍လွယ်ကူစွာ အဆက်အသွယ်လုပ်နိုင်ခဲ့သည်။ သူတို့နှစ်ယောက်လုံးမှာ လျင်မြန်စွာ ဆွေးနွေးခြင်းအား ရပ်တန့်ခဲ့သည်။ ယွီလန်နှင့်ယွီဟန်ထွက်သွားခါနီးတွင် ယွီလန်သည် တစ်ခုခုအား ရုတ်တရက် သတိရသွားကာ ယွီယောင်အား ရှာဖွေရန် စာကြည့်ခန်းသို့ ပြန်သွားခဲ့သည်။
ယွီလန်ပြန်ရောက်လာသည်ကို မြင်သောအခါ ယွီယောင်မှာ အနည်းငယ်အံ့ဩသွားခဲ့သည်။ "အစ်ကိုကြီး၊ လုပ်စရာတစ်ခုခုရှိသေးလို့လား"
ယွီလန်သည်ပြောလိုက်သည်။ "မနက်ဖြန်က အဖွဲ့ခေါင်းဆောင်ရဲ့ အသုဘလေ။ နင်ငါနဲ့အတူလိုက်မလား"
ဤကိစ္စအား ပြောပြသောအခါ ယွီလန်၏မောပန်းမှုအား နောက်ထပ်ဖုံးကွယ်မထားနိုင်တော့ပေ။
သူသည်စိတ်ကျန်းမာရေးဆေးရုံအမှုနှင့် အလုပ်ရှုပ်နေခဲ့သော လအနည်းငယ်အတွင်း သူသည်အလုပ်အဖွဲ့တစ်ခုလုံးနှင့် အများဆုံးထိတွေ့ဆက်ဆံခဲ့ရသည်။ အလုပ်အကြောင်းအရင်းများကြောင့် အလုပ်အဖွဲ့ခေါင်းဆောင်မှာ သူနှင့်များများစားစား မထိတွေ့ခဲ့ဖူးပေ။ သို့သော်ယွီလန်သည် အမှု၏အဖြစ်မှန်အား မထုတ်ဖော်ခင်ည၌ သူသည်အလုပ်အဖွဲ့ခေါင်းဆောင်နှင့် အတူထိုင်ခဲ့ကြသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် စကားမပြောခဲ့ကြပေ။ သူတို့သည် ဖိုင်တွဲအားဖတ်ပြီးနောက် အချိန်အတော်ကြာ တိတ်ဆိတ်စွာ ဆေးလိပ်သာဖွာခဲ့ကြသည်...

KAMU SEDANG MEMBACA
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romansaဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...