Part 132

846 65 0
                                    

Chapter 132: တူတူပုန်းတမ်း

ချန်းလင်သည် ယွီဟုန်၏ဆုပ်ကိုင်ထားမှုမှ လွတ်မြောက်သွားကာ ဒယိမ်းဒယိုင် ပြေးသွားခဲ့သည်။ "သမီးလေး၊ မေမေနောက်ဆုံးတော့ သမီးကို ရှာတွေ့ပြီ...."

ချန်းလင်၏အပြုအမူများကြောင့် လူတိုင်းတုန်လှုပ်သွားခဲ့ကြသည်။ ယွီယောင်သည် အဘယ်သို့ ရှောင်းလျန်အား ရှက်နေ‌နိုင်တော့မည်နည်း။ သူမသည် အရှေ့သို့ ခြေလှမ်းကျယ်များလျှောက်ကာ ပြုတ်ကျလုနီးပါးဖြစ်သော ချန်းလင်၏လက်မောင်းအား ဆွဲလိုက်သည်။

ချန်းလင်သည် သူမလဲကျတော့မလိုဖြစ်သွားသည်ကို သတိမပြုမိခဲ့ပေ။ သူမသည် ဤအခြေအနေအား အခွင့်ကောင်းယူ၍ ယွီယောင်အား ဖက်လိုက်သည်။

ယွီယောင်သည် အရပ်ရှည်၍ ချန်းလင်၏ပွေ့ဖက်မှုထဲသို့ မဆွဲခေါ်နိုင်ခဲ့ပေ။ သို့‌သော် သူမ၏သမီးမှာ သူမပျောက်ဆုံးနေချိန်ဖက်နိုင်သော ကလေးငယ်လေးနှင့် အတူတူပင်ဖြစ်သည်ဟု တွေးနေပုံပေါ်သည်။

ယွီယောင်သည် ကသိကအောက်နှင့် ဆောင့်ကြောင့်ထိုင်လိုက်ကာ ချန်းလင်အားသူမကိုဖက်ခွင့်ပေးလိုက်သည်။

ချန်းလင်၏မျက်ရည်များ သူမလည်ပင်းပေါ်ကျလာသည်ကို သူမခံစားမိခဲ့သည်။ ထိုမျက်ရည်များမှာ ပူလောင်ကာ ယွီယောင်၏နှလုံးသားအား နာကျင်ကာပျော့ပျောင်း၍မသွားမချင်း ပူလောင်စေခဲ့သည်။ စိုစွတ်မှုအလွှာတစ်ခုမှာ သူမ၏မျက်လုံးများထဲတွင်လည်း ထွက်ပေါ်လာခဲ့သည်။

"မေမေ..." သူမသည် မသိစိတ်က တီးတိုးပြောမိခဲ့သည်။

ချန်းလင်သည် ယွီယောင်၏ပိန်လျသောနောက်ကျောအား အဆက်မပြတ်ပုတ်ပေးကာ ပြောလိုက်သည်။ "သမီးလေး၊ မေမေဒီမှာလေ။ မေမေနောက်ဆုံးတော့ သမီးကိုတွေ့ပြီ။ မေမေနောက်ကျရင် သမီးကိုကာကွယ်ပေးမယ်။ သမီးဘာမှမကြောက်နဲ့။ သမီးလေးရယ် မေမေကအများကြီးလွမ်းနေတာလေ။ ဒီငဆိုးလေး ဘာလို့မေမေ့ဆီကနေ အကြာကြီးပုန်းနေရတာလဲ။ ဘယ်မှာပုန်းနေခဲ့တာလဲ။ မေမေဘယ်လိုပဲကြိုးစားကြိုးစား သမီးလေးကို ရှာမတွေ့နိုင်ဘူး..."

သူမ၏အရင်ဘဝတွင် ဤကမ္ဘာ၏တိုးတက်မှုအား မှတ်တမ်းတင်ထားသော ဝတ္ထုထဲတွင် စာရေးသူသည် ဇာတ်ရံမင်းသမီးအနေနှင့် ယွီယောင်အား အလွန်ကန့်သတ်‌ထားသော ဖော်ပြချက်များ ရှိခဲ့သည်။ စာလုံးပေါင်းသန်းပေါင်းများစွာ ပါဝင်‌သောဝတ္ထုထဲ၌ ယွီယောင်သည် သူမငယ်စဉ်က အဘယ်ကြောင့် ပျောက်ဆုံးသွားရသည့် အကြောင်းပြချက်ကို ဖော်ပြထားသော စာကြောင်းတစ်ကြောင်းသာ ရှိခဲ့သည်...

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Tempat cerita menjadi hidup. Temukan sekarang