Chapter 135: ယွီဝမ်၏နောက်ကြောင်း
ယွီဝမ်သည် ယွီဟုန်၏ တရားမဝင်သမီး ဖြစ်နိုင်သလား။
သူမသည် ယွီလန်နှင့်ယွီဟန်တို့၏ သံသယအား ခံစားမိသောအခါ ဤသည်မှာ လုံးဝအဓိပ္ပာယ်မရှိဟု သူမထင်ခဲ့သည်။ သူမသည် သူမ၏အစ်ကိုနှစ်ယောက်အား မယုံနိုင်စွာ ကြည့်လိုက်ပြီးနောက် ယွီဟုန်အား ကြည့်လိုက်သည်။ သူတို့၏အမူအရာများမှာ တစ်စုံတစ်ယောက်၏ ကိုယ်ရေးကိုယ်တာကိစ္စရပ်များအား ဆွေးနွေးနေသည့်အလား သူမထက် ပို၍တည်ငြိမ်နေသည်ကို သူမတွေ့ခဲ့သည်။
ဤသည်မှာ ယွီယောင်အား တဖြည်းဖြည်းနှင့် ယုံကြည်မှုလျော့နည်းစေခဲ့သည်။ သူမသည် ယွီဟုန်အား ချီတုံချတုံကြည့်လိုက်သည်။ "ဖေဖေ။ မဟုတ်မှလွဲရော ဖေဖေက..."
ယွီဟုန်သည် ယွီယောင်အား ခေါင်းခါပြကာ ပြောခဲ့သည်။ "ယောင်ယောင်၊ အရမ်းမတွေးနဲ့။ ယွီဝမ်က ငါ့ရဲ့သမီးအရင်းမဟုတ်တာ သေချာတယ်။ ငါဘယ်တုန်းကမှ နင့်အမေကို သစ္စာမဖောက်ခဲ့ဘူး"
ယွီယောင်သည် ယွီလန်နှင့်ယွီဟန်အား ကြောင်ကြည့်နေခဲ့သည်။ "အစ်ကိုကြီးနဲ့ အစ်ကိုလတ်၊ ဖေဖေနဲ့ယွီဝမ်ကြားက ဆက်ဆံရေးအစစ်အမှန်ကို ဘာလို့သံသယဖြစ်နေတာလဲ"
ယွီဟုန်သည် သူ၏သားနှစ်ယောက်အားကြည့်ကာ သူ၏အကြည့်မှာ လေးနက်သွားခဲ့သည်။ သူသည် တရားဝင်ပြောလိုက်သည်။ "ငါလည်းအဲ့ဒါကိုသိချင်နေတာပဲ။ ငါ့မိသားစုကို သိက္ခာကျအောင် ငါတစ်ခါမှ မလုပ်ဖူးဘူး။ ဘာလို့ငါက မင်းတို့အပေါ်မှာ ဆိုးရွားတဲ့သက်ရောက်မှုမျိုး ဖြစ်စေရမှာလဲ"
ယွီလန်သည် ယွီဟုန်၏ရင့်ကျက်သည့် အပြုအမူကြောင့် ကြောက်ရွံ့သွားခြင်းမရှိခဲ့ပေ။ သူသည် အနည်းငယ် တောင်းပန်ချင်ပုံပေါ်သော်လည်း တည်ငြိမ်နေဆဲဖြစ်သည်။ "အဖေ၊ ကျွန်တော်တို့အဖေ့ကို သံသယမဝင်ချင်ပါဘူး။ ကျွန်တော်တို့သေချာအောင်လုပ်ချင်ရုံပါ"
ယွီဟုန်သည် အနည်းငယ်မျက်မှောင်ကြုတ်မိသည်။ "ဘာတွေဖြစ်နေတာလဲ။ ငါ့ကိုရှင်းပြစမ်း"
ယွီလန်သည် ဖိုင်တွဲတစ်ခုအားထုတ်ကာ ယွီဟုန်ဆီသို့ လှမ်းပေးလိုက်သည်။ "အချိန်တော်တော်ကြာ ကျွန်တော်ယွီဝမ်ကို စုံစမ်းလာခဲ့တာပါ။ ကျွန်တော်တွေ့ခဲ့တာက သူ့ရဲ့သရုပ်မှန်က သူ့မိဘတွေကပစ်သွားတဲ့ မိဘမဲ့တစ်ယောက်မဖြစ်နိုင်ဘူးဆိုတာပါပဲ..."

ESTÁS LEYENDO
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...