Chapter 150: အတွေးများပြတ်တောက်ခြင်း ဝိသေသလက္ခဏာရောဂါ
ယွီယောင်သည် သူမ၏မှတ်ဉာဏ်များအား ဂရုတစိုက်ဆန်းစစ်နေခဲ့သည်။ မိဘမဲ့ဂေဟာမှာ ဘုရားကျောင်းအား ပြန်လည်မွမ်းမံထားပုံရသည်။ ချွန်ထက်နေသော တာဝါတိုင်များနှင့် ပြတင်းပေါက်ရှည်များရှိနေခဲ့သည်။ သူမသည် ထိုကုတင်သေးသေးလေးပေါ်တွင် ထာဝရရှိနေသည့်ပုံပေါ်သည်။ မိဘမဲ့ဂေဟာ၏အလုပ်သမားများမှာ သူမ၏ကုတင်ဘေးပတ်လည်တွင် လျှောက်နေခဲ့ကာ သူမသည် သူတို့၏မျက်နှာများအား ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ...
ဤအရာများအဘယ်ကြောင့် ဖြစ်နေသနည်း။ သူမ၏အရင်ဘဝ၌ မိဘမဲ့ဂေဟာတွင် ဘာဖြစ်ခဲ့သည်ကို သူမအဘယ်ကြောင့် မေ့သွားခဲ့သနည်း။ထို့အပြင် သူမရှိနေခဲ့သော မိဘမဲ့ဂေဟာအား မည်ကဲ့သို့ခေါ်သနည်း။
သူမ၏ခေါင်းမှာ ပို၍ကိုက်လာသည်ကို ခံစားမိခဲ့သည်။ သူမသည် ကွေးလာကာ သူမ၏ခေါင်းအား ကိုင်ထားခဲ့သည်။ ယွီဟုန်နှင့် သူ၏သားသုံးယောက်မှာ အမြန်ပြေးလာခဲ့သော်လည်း မိနစ်ပိုင်းအတွင်းတွင် ယွီယောင်မှာ ချွေးစေးများကျလာခဲ့သည်။
ယွီကျွယ်သည် ထိတ်လန့်ကာ အော်လိုက်သည်။ "ယောင်ယောင်၊ ယောင်ယောင်"
ယွီဟုန်သည် ယွီယောင်၏အခြေအနေအား စစ်ဆေးပြီးနောက် သူသည်ယွီလန်အား အားဖြင့်တွန်းကာ ပြောလိုက်သည်။ "မင်းအမေရဲ့ကိုယ်ပိုင်ဆရာဝန်ကိုသွားရှာလိုက်။ ယောင်ယောင် မေ့လဲသွားပြီ..."
ယွီလန်သည် အလျင်အမြန်ဖုန်းခေါ်ဆိုခဲ့သည်။
ယွီဟုန်သည် သူမအားဖက်ကာ နှစ်သိမ့်ပေးခဲ့သည်။ "ယောင်ယောင်၊ ယောင်ယောင်။ မကြောက်နဲ့။ ဖေဖေဒီမှာရှိတယ်။ ဖေဖေအမြဲတမ်း သမီးနဲ့ရှိတယ်။ ဖေဖေသမီးကိုကာကွယ်ပေးမယ်..."
ယွီယောင်သည် ယွီဟုန်၏အသံအား ကြားရပုံပေါ်သည်။ သူမသည် သူမ၏မျက်လုံးများအားဖွင့်ရန် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း သူမ၏အရှေ့မှလူမှာ ယောင်ဝါးဝါးဖြစ်နေသေးသည်။ သူမသည်တစ်စုံတစ်ခုအား ဆက်တိုက်တီးတိုးပြောနေခဲ့သည်။ ယွီဟုန်သည် သူမဘာပြောနေသည်ကို နားထောင်ရန် ရှေ့သို့တိုးလာခဲ့သည်...

DU LIEST GERADE
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romantikဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...