Part 97

1.2K 116 0
                                    

97 01

Chapter 97: ယွီဝမ်၏ကောက်ကျစ်မှု

"ကျွန်မ ယွီမီသားစုဆီ ပြန်ရောက်သွားပြီးတဲ့နောက် မိသားစုနဲ့ကျွန်မရဲ့ဆက်ဆံရေးက အချိန်အတော်ကြာ အရမ်းဆိုးရွားနေခဲ့တယ်။ ယွီဝမ်နဲ့ကျွန်မလည်း မကြာခဏဆိုသလို ပဋိပက္ခတွေဖြစ်ကြတယ်။ ကျွန်မသူ့ကို ရန်ဖြစ်ရင် မနိုင်ဘူး။ နောက်ပြီး ကျွန်မအရမ်းစိတ်တိုရင် သူ့ကိုရိုက်မိတယ်။ ကျွန်မအစ်ကိုသုံး‌ယောက်က ကျွန်မကိုပညာပေးချင်လို့ စိတ်ကျန်းမာရေးဆေးရုံကို ပို့လိုက်ကြတယ်။ သူတို့က ဒီနည်းလမ်းကို ကျွန်မကိုခြောက်ဖို့နဲ့ သူတို့စကားသေချာနားထောင်ဖို့ သုံးခဲ့ကြတယ်"

ယွီယောင်သည် တစ်စုံတစ်ယောက်၏ ပုံပြင်အား ပြောပြသည့်ပုံပေါ်နေသည်။ သူမ၏စိတ်နေစိတ်ထားမှာ အစမှအဆုံးတိုင်အလွန်တည်ငြိမ်နေခဲ့သည်။ "အားလုံးလည်း ချန်နယ်အမျိုးမျိုးကတစ်ဆင့် အရင်ကတည်းက နားလည်ပြီးပြီလို့ထင်ပါတယ်။ အခုကျွန်မရဲ့အစ်ကိုတွေနဲ့ဆက်ဆံရေး ကောင်းပြီး သူတို့အားလုံးလည်းကျွန်မအပေါ်ကောင်းကြတယ်။ ဒါကြောင့် ကျွန်မအစ်ကိုသာ စိတ်ကျန်းမာရေးဆေးရုံရဲ့ တကယ့်အခြေအနေကိုသိခဲ့ရင် သူကျွန်မကိုအဲ့နေရာ သေချာပေါက်ပို့မှာမဟုတ်ဘူး"

"စိတ်ကျန်းမာရေးဆေးရုံမှာ ကျွန်မလည်း အခြားအမျိုးသမီးတွေ ခံစားရသလို တူညီတဲ့အိပ်မက်ဆိုးမျိုး ကြုံတွေ့ရတော့မလိုပဲ။ ဒါပေမယ့် နောက်ဆုံးမှာ ကျွန်မလွတ်မြောက်သွားခဲ့တယ်။ ကျွန်မရဲ့အတွေ့အကြုံအရ ကျွန်မအစ်ကိုက စိတ်ကျန်းမာရေးဆေးရုံကို စစ်ဆေးဖို့ဆုံးဖြတ်ခဲ့ပြီး ‌ရဲတွေကို အမှန်တရားပြောဖို့ အဆုံးမှာရွေးချယ်ခဲ့တာပဲ။ ကျွန်မတို့တွေ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေခဲ့တာကြာပြီ။ ဒါကြောင့်လည်း သူအခုသတင်းစာရှင်းလင်းပွဲကိုရောက်နေပြီး အခိုပ်ခန်းထဲမှာမဟုတ်တာပေါ့"

ယွီယောင်၏ပုံပြင်မှာ ယုံချင်စရာကောင်းသော်လည်း သတင်းထောက်များမှာ သံသယအချို့ ရှိနေသေးသည်။

"မမလေးယွီယောင်ရဲ့စကားတွေက အရမ်းအဓိပ္ပာယ်ရှိပါတယ်။ မစ္စတာယွီလန်က စိတ်ကျန်းမာရေးဆေးရုံရဲ့ အခြေအနေမှန်ကို မသိဘူးလို့ ကျွန်တော်တို့လည်း ယုံပေမယ့် နှစ်တိုင်းသူစိတ်ကျန်းမာရေးဆေးရုံဆီ သွားတာကို ရှင်းပြနိုင်မလား။ အဲ့ဒါကဒီတိုင်းဟန်ပြဖို့ပဲလား"

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။حيث تعيش القصص. اكتشف الآن