Unicode
Chapter 17: ယွီဝမ်၏ ကန့်ကွက်ခြင်း
ယွီယောင်သည် ယွီဟုန်နှင့် ညီအစ်ကိုသုံးဦးတို့၏ ပံ့ပိုးမှုအား အလွယ်တကူရရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူမ၏နှလုံးသားထဲတွင် သူတို့အပေါ်အငြိုးအာဃာတများ ရှိနေသေးသော်လည်း ဤအခိုက်အတန့်တွင်သူမသည် သူတို့အားပြုံးပြရန်ဝန်မလေးပဲ သူမ၏ကျေးဇူးတင်မှုကို ရိုးသားစွာဖော်ပြခဲ့သည်။ “ကျွန်မရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ နောက်ပြီး စွန့်စားဖို့အးဆန္ဒရှိလို့လည်းကျေးဇူးတင်ပါတယ်”
ဤအခိုက်အတန့်တွင် ယွီညီအစ်ကိုသုံးယောက်သည် သူတို့လုပ်ခဲ့သမျှအရာအားလုံးသည် ထိုက်တန်သည်ဟု ခံစားမိခဲ့သည်။ ဤအချိန်တွင် ယွီယောင်၏ပျော်ရွှင်မှုအတွက်သာဆိုလျှင်တောင် သူတို့သည် သူမအား အခက်အခဲများအားလုံးကို ကျော်လွှား၍ သူမ၏ပန်းတိုင်သို့ရောက်ရှိရန် ကူညီနေဦးမည်ဖြစ်သည်။
သို့သော် လူသားများ၏ပျော်ရွှင်မှုနှင့်ဝမ်းနည်းမှုမှာ အမြဲတမ်းသဟဇာတမဖြစ်ပေ။
ယွီမိသားစုနှင့်ညီအစ်ကိုသုံးယောက်နှင့်မတူပဲ ယွီဝမ်မှာဤဆုံးဖြတ်ချက်သည်အဓိပ္ပာယ်မရှိဟုထင်ခဲ့မိသည်။
ယွီမိသားစုဘာများဖြစ်သွားသလဲ။ စိတ်ကျန်းမာရေးဆေးရုံအား ဖျက်ဆီးလျှင် သူတို့အတွက် ဘာအကျိုးအမြတ်ရမည်နည်း။ ထိုစိတ်ဝေဒနာခံစားနေရသောလူနာများသည် လုံးဝပင်ကျေးဇူးတင်မည်မဟုတ်ပေ။ ထိုအစား သူတို့သည် ရင်းနှီးမြုပ်နှံသူများဖြစ်သော ယွီမိသားစုအား မုန်းနေလိမ့်မည်။
ထို့အတူလူထုသည်လည်း အလွတ်ပေးမည်မဟုတ်ပေ။ ယွီမိသားစုသည် စိတ်ကောင်းနှင့် ထိုလူများအား စိတ်ကျန်းမာရေးဆေးရုံမှ ထောင်ထဲသို့ ပို့လိုက်သည်ကို သူတို့ယုံကြမည်မဟုတ်ပေ။ သူတို့သည် နှစ်ဖက်စလုံး၏အကျိုးစီးပွားမှာ လိုက်လျောညီထွေမှုမရှိတော့ပဲ ယွီမိသားစုသည် ဆေးရုံအားလက်စားချေချင်နေကြသည်ဟုသာထင်ကြလိမ့်မည်။
ထို့ပြင် မီဒီယာသမားများသည်လည်း ယွီမိသားစု၏ မကောင်းမှုများအား အရူးအမူးနှင့်လိုက်လံရှာဖွေကြပြီး သူတို့အား အသရေဖျက်ရန်ညှာတာမည်မဟုတ်သောကြောင့် မိသားစုစီးပွားရေးဖွံ့ဖြိုးမှုကို သက်ရောက်နိုင်ပါသည်။

YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...