Unicode
Chapter 5: ပြောဖို့မတန်ဘူးလား?
ကြောင်နှင့်အတူရှိနေသော မိန်းကလေး၏အနောက်တွင် အရပ်ရှည်ရှည်လူတစ်ယောက် မတ်တပ်ရပ်နေခဲ့သည်။ သူသည် သူ၏သက်တော်စောင့်များကဲ့သို့ ဝတ်စုံအပြည့် ဝတ်ဆင်ထားသော်လည်း သူ၏အရှိန်အဝါအရ သာမန်လူတစ်ယောက်မဟုတ်ကြောင်း သိနိုင်သည်။
ယွီလန်သည် ထိုလူ၏ မျက်နှာအား တွေ့သောအခါ မျက်လုံးပြူးသွားခဲ့သည်။ ရှောင်းလျန်သည် ဤနေရာအား မည်သို့ရောက်လာသနည်း?
ရှောင်းလျန်အားကြောက်နေသည့် ယွီလန်နှင့် မတူပဲ ဖျော်ဖြေရေးနယ်ပယ်မှ ယွီကျွယ်သည် ဤကဲ့သို့ စီးပွားရေး သူဌေးအား မသိခဲ့ပါ။ သူ၏အာရုံသည် ယွီယောင်အပေါ်တွင်သာရှိနေခဲ့သည်။
“ယောင်ယောင်” ယွီကျွယ်၏ စိုးရိမ်နေသော အမူအရာသည် ချက်ချင်း ပျော့ပြောင်းသွားကာ ပြေးသွားခဲ့သည်။
“နင်ဒီရောက်နေတာပဲ။ နင်တစ်ခုခုဖြစ်သွားပြီလို့တောင်ထင်နေတာ။ လန့်သွားတာပဲ...”
သူသည် ယွီယောင်၏ပခုံးများအားဆုပ်ကိုင်ကာ အနာတရရှိမရှိစစ်ဆေးချင်သော်လည်း ထိုကဲ့သို့ ရင်းနှီးဟန်အမူအရာအား လုပ်ဆောင်ရန် ကြိုးပမ်းမှုသည် ယွီယောင်အား သတိနှင့် ခြေတစ်လှမ်း ဆုတ်သွားအောင်သာ လုပ်ခဲ့သည်။
ယွီယောင်၏ လက်ထဲတွင်ရှိသော Maine Coonကြောင်ပင်လျှင် ယွီကျွယ်အား ၎င်း၏လက်သည်းများပြလိုက်သည်။
ယွီကျွယ်သည် ထိတ်လန့်မှုကြောင့် ရပ်တန့်သွားသည်။ သူသည် ယွီယောင်၏ အကြည့်များအား ရှောင်ရှားခဲ့သောကြောင့် အနည်းငယ် နာကျင်ကာ နောင်တရနေခဲ့သည်။ သူသည် ထပ်မံစကားပြောရန် ပါးစပ်ဟလိုက်သော်လည်း သူ၏ယုံကြည်ချက်ပျောက်ဆုံးသွားသည်။
“ယောင်ယောင်၊ ငါက ဒီတိုင်း...ဒီတိုင်း မင်းကို စိတ်ပူလို့ပါ”
ယွီယောင်သည် မည်သည်တို့ဖြစ်နေသည်ကိုမသိတော့ပေ။ သူမသည် အရင်ဘဝမှ ဝတ္ထုဖတ်သောအခါ ဇာတ်လမ်းတစ်စိတ်တစ်ပိုင်းအား လွဲချော်မိခဲ့သလားဟု တွေးနေခဲ့မိသည်။
သူမ၏အရှေ့တွင်ရှိသော ဤတတိယ သခင်လေးယွီသည် ယွီယောင်သူ့အား စိတ်ကူးထားသည်နှင့် မတူပေ။ သူသည် သူ၏ညီမအား အလွန်ရွံရှာနေခဲ့ပြီး သူမအပေါ် အေးစက်စက်သဘောထားသာ ရှိခဲ့သည်။
VOUS LISEZ
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Roman d'amourဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...