53 01
Chapter 53: ညီအစ်ကိုများအငြင်းပွားမှု
ဒါရိုက်တာချုပ်မှ ဤသို့ပြောသည်ကို ကြားသောအခါ လက်ထောက်ဒါရိုက်တာမှာ ချီတုံချတုံမေးလိုက်သည်။ "ဒါဆို ကျွန်တော်တို့စည်းကမ်းတွေကို ပြောင်းဦးမှာလား။ သူတို့အစ်ကိုနှစ်ယောက်ဆီက တောင်းနေမှာကို ဒီတိုင်းပဲ လွှတ်ထားပေးတော့မှာလား"
ဒါရိုက်တာချုပ်မှာလက်ခါပြလိုက်သည်။ သူသည်စည်းကမ်းမှာ ပြောင်းရမည်မှာ အသေအချာပင်ဖြစ်သည်။ "အကယ်၍ သူတို့က ဒီတိုင်း အလကားလျှောက်စားနေရုံနဲ့ ရိုက်ကူးရေး ရက်အနည်းငယ်အတွင်း အေးဆေးနေနိုင်မယ်ဆိုရင် ငါတို့ရှိုးက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ"
လက်ထောက်ဒါရိုက်တာမှာ နားလည်သွားသောကြောင့် ခေါင်းညိတ်ပြလိုက်သည်။ သူသည် ဒါရိုက်တာချုပ်အား အိုကေဟူ၍ လက်ဟန်ပြကာ ပြောလိုက်သည်။ "ကျွန်တော်နားလည်ပါပြီ။ ဒီလိုအဖြစ်မျိုး ထပ်မဖြစ်တော့အောင် ကျွန်တော်စည်းကမ်းတွေကို ညတွင်းချင်း ပြောင်းလိုက်ပါမယ်"
ထုတ်လုပ်ရေးအဖွဲ့မှာ ညတွင်းချင်းစည်းကမ်းများ ပြောင်းနေသည့်အချိန်တွင် ယွီကျွယ်သည် ယွီဟန်၏ထမင်းစားစားပွဲ၌ ယွီယောင်အား ထိုင်ခိုင်းထားသည်။
ယွီဟန်သည် အလွန်အေးစက်သော လူတစ်ယောက်ဖြစ်သည်။ သူသည်သူ၏နေရာအား အခြားသူများ ဝင်ရောက်လာသည်ကို မကြိုက်သောကြောင့် သူကိုယ်တိုင်ချက်ပြုတ်ကာ သန့်ရှင်းနိုင်သရွေ့ အိမ်အကူအန်တီကြီးအား ဝင်ခွင့်မပေးပေ။
ရှိုးပွဲအားရိုက်ကူးရန် ယွီကျွယ်သည် ယွီယောင်နှင့်စားသောက်ကာ ယွီလန်သည်ရုံးခန်း၌ အချိန်ပိုအလုပ်လုပ်နေမည်ဟု ယွီဟန်ထင်သောကြောင့် သူသည် သူ၏ညစာအတွက် ရိုးရှင်းသော အကင်တစ်မျိုးကိုသာ ချက်ခဲ့သည်။
မထင်မှတ်စွာ အသားကင်အားစားပွဲပေါ် ချလိုက်သည်နှင့်တစ်ပြိုင်နက် တိုက်ခန်းတံခါးမှာ တွန်းဖွင့်ခံလိုက်ရသည်။
ယွီကျွယ်သည် မီးဖိုချောင်သို့ တိုက်ရိုက်ဝင်သွားခဲ့သည်။ ပန်းကန်ပြားပေါ် တင်ထားသော အသားကင်အား ကြည့်လိုက်ကာ သူသည် ယွီယောင်ဆီသို့လှည့်ကာ ပျော်ရွှင်စွာပြောခဲ့သည်။ "ယောင်ယောင် ငါတို့အစ်ကိုလတ်ကို လာရှာတာ မှန်သွားပြီ။ သူ ဒီနေ့အသားကင်လုပ်ဖို့ အဆင့်မြင့်အမဲသားကို သုံးခဲ့တာပဲ"

KAMU SEDANG MEMBACA
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romansaဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...