Part 149

668 43 0
                                    


Chapter 149: လွဲမှားနေသော အမှတ်တရများ

ယွီမိသားစုသည် ပွင့်လင်း၍ခွင့်လွှတ်တတ်‌သော မိသားစုဖြစ်သည်။ လွဲမှားတတ်သောအတွေးများရှိသည့် ယွီကျွယ်ပင်လျှင် ယွီမိသားစု၏ပညာရေးအောက်တွင် လူ့အဖွဲ့အစည်းအား အရွဲ့တိုက်သူဖြစ်မလာခဲ့ပေ။ ထိုအစား သူသည်တောက်ပကာ ပျော်ပျော်နေတတ်သူ ဖြစ်လာခဲ့သည်။

ယွီယောင်သည် သူမ၏အစ်ကိုများကဲ့သို့ မထက်မြက်သော်လည်း ယွီမိသားစုထဲ၌ အမြဲနေခဲ့ရလျှင် သူမအား သူမ၏မိသားစုမှ ချစ်နေဆဲဖြစ်ကာ ကမ္ဘာပေါ်တွင် ပျော်စရာအကောင်းဆုံး မိန်းကလေးဖြစ်နေလိမ့်မည်။ သူမသည် ငယ်စဉ်ကတည်းက အိုးမဲ့အိမ်မဲ့မဖြစ်ဘဲ သူမ၏ဘဝမှာ အဆင်မပြေမှုများနှင့် နာကျင်မှုများဖြင့် ပြည့်နေလိမ့်မည် မဟုတ်ပေ...

ယွီယောင်၏အသံမှာ အလွန်နူးညံ့သည်။ မည်သူမျှသူမအား ရှင်းလင်းစွာမကြားနိုင်သော်လည်း သူတို့သည် သူမ၏ဝမ်းနည်းနေမှုအား မြင်နေရသည်။ သူတို့သည်လည်း သူတို့၏စိတ်ထဲ၌ ကြောက်ရွံ့မှုကို ခံစားခဲ့ရသည်။ သူတို့သမီးနှင့်ညီမမှာ မတော်တဆပျောက်ကွယ်သွားသည်ကို သူတို့အလွန်ဝမ်းနည်းနေခဲ့သည်။ သို့သော် ၎င်းသည်အကွက်ချထားသော ပြန်ပေးဆွဲခြင်းဖြစ်ပါက သူတို့ကိုယ်သူတို့ အပြစ်တင်ရလိမ့်မည်။ ဖခင်တစ်ယောက်နှင့် အစ်ကိုများအနေနှင့် သူတို့သည် လူဆိုး၏ဇာတ်ကွက်အား မရှာဖွေနိုင်ခဲ့ပေ။ သူတို့၏လျစ်လျူရှုမှုမှာ ယွီယောင်အား များစွာခံစားရစေခဲ့သည်...

ယွီကျွယ်သည် ဘေးတွင်ရှိ‌သော ဖိုင်တွဲများအား အချိန်အတော်ကြာ ကြည့်နေခဲ့ပြီး နောက်ဆုံး၌ ဘာဖြစ်သွားသည်ကို နားလည်ခဲ့သည်။ ဤအချိန်တွင် သူ၏မျက်နှာမှာ ဒေါသများဖြင့် ပြည့်နေခဲ့သည်။

သူသည် ယွီဟုန်အား ကြည့်ခဲ့သည်။ "‌အဖေ နောက်ထပ်စုံစမ်းစရာ မလိုတော့ဘူးမလား။ ယောင်ယောင်က ယွီဝမ်ရဲ့အမေအရင်းကြောင့် ပြန်ပေးဆွဲခံရတာပဲ။ သူယောင်ယောင်ကို ပြန်ပေးဆွဲပြီး ထွက်ပြေးသွားတယ်။ သူကယွီဝမ်ကို ယွီမိသားစုဆီကို‌ မွေးစားဖို့ နည်းလမ်းကိုတောင် စဉ်းစားခဲ့သေးတယ်။ ဘယ်လိုဖြစ်ပြီး သူကအရမ်းရက်စက်ရတာလဲ"

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Hikayelerin yaşadığı yer. Şimdi keşfedin