Part 128

856 59 0
                                    

Chapter 128: ပြင်ဆင်မှုများ

ချမ်းသာသူများကြားတွင် အဆင့်အတန်းရှိနေခဲ့ပြီး ရှောင်းမိသားစုနှင့် ယွီမိသားစုတို့မှာ အဆင့်မတူပေ။

ယွီမိသားစုသည် ဆယ်စုနှစ်အနည်းငယ်သာ ရှိနေခဲ့သည်။ သူတို့သည့် ထုတ်လုပ်ရေးအပိုင်းတွင် ပါဝင်ကာ အိမ်ထောင်စုတိုင်းနီးပါးမှာ သူတိူ့ထုတ်လုပ်သော ကုန်ပစ္စည်းများကို အသုံးပြုခဲ့ရသည်။

တစ်ဖက်တွင်မူ ရှောင်းမိသားစုမှာ မတူပေ။ ရှောင်းမင်းဆက်နှောင်းပိုင်းတွင် ရှောင်းမိသားစု၏ဘိုးဘေးများသည် သူတို့၏မွေးရပ်များအား စွန့်ခွာကာ ဖွံ့ဖြိုးတိုးတက်ရန် ပြည်ပသို့ထွက်ခွာခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်မတိုင်မချင်း နိုင်ငံအားလုံး၏ တရားစီရင်ရေးစနစ်မှာ မပြည့်စုံခဲ့ပါ။ ရှောင်းမိသားစုသည် တရုတ်တန်းတွင် အကြီးဆုံး မာဖီးယားအဖွဲ့အစည်းကို တည်ထောင်ခဲ့ကာ တရားဝင်နှင့် တရားမဝင်သောလုပ်ငန်းများအား လုပ်ကိုင်ခဲ့ကြသည်။ သူတို့သည် စစ်ဘက်ဆိုင်ရာနယ်ပယ်တွင်ပင် ပါဝင်ခဲ့ကြသေးသည်။ ရှောင်းမိသားစုသည် သာမန်ပြည်သူများကြား ထင်ရှားကျော်ကြားသော နာမည်မရှိသော်လည်း သူတို့သည် ယွီမိသားစုထက်ပို၍ အင်အားကြီးမားကြသည်။

တရုတ်စီးပွားရေး တိုးတက်လာသည်နှင့်အမျှ ကမ္ဘာတစ်ဝှမ်းလုံးမှ အရင်းအနှီးများသည် ဤကြီးမားသောဈေးကွက်အား ဝင်ရောက်လိုကြသည်။ ရှောင်းမိသားစုသည် သန့်စင်သည့်တရုတ်သွေးကိုသာ ထိန်းသိမ်းခဲ့ကြပြီး သူတို့၏မွေးရပ်မြေအတွက် လေးနက်သောခံစားချက်များရှိခဲ့သည်။ တရုတ်ပြည်အား ပြုပြင်ပြောင်းလဲပြီး ပွင့်လင်းလာသောအခါ ရှောင်းမိသားစုသည် တရုတ်ဈေးကွက်သို့ဝင်ရောက်ရန် ပိုက်ဆံအမြောက်အမြားယူကာ သတ္တုတွင်းထွက်များနှင့် စက်ပြုပြင်ခြင်းကဲ့သို့သော အကြီးစားစက်မှုလုပ်ငန်းများတွင် ပါဝင်ခဲ့ကြသည်။

ထို့ကြောင့် သူတို့သည်တစ်မြို့တည်းတွင် ရှိနေသော်လည်း ယွိမိသားစုနှင့် ရှောင်းမိသားစုတို့မှာ အချင်းချင်း စီးပွားရေးဆက်ဆံမှုများ မရှိခဲ့ကြပေ။ ယွီဟုန်သည် ရှောင်းမိသားစု၏ လက်ရှိအကြီးအကဲဖြစ်သော ရှောင်းလျန်အား အချိန်အတော်ကြာသာကြားဖူးကာ သူနှင့်တစ်ခါမျှ မဆက်သွယ်ခဲ့ဘူးပေ။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Where stories live. Discover now