Unicode
Chapter 48: ဒုတိယမြောက်ကိုယ်ရည်ကိုယ်သွေး“ငါတို့အားလုံးက မကောင်းတဲ့ကောင်တွေပဲ။ အရင်တုန်းက ဘာလို့ ယောင်ယောင်ကို ဒီလိုမျိုး ဆက်ဆံခဲ့ကြတာလဲ..”
ယွီကျွယ်သည် စိတ်မထိန်းနိုင်ပဲ ငိုနေခဲ့ကာ မျက်ရည်များမှာ မျက်နှာပေါ်မှ ကျဆင်းနေသော်လည်း သူသည် ဤအကြိမ်၌ သူ၏ပုံရိပ်အား ထိန်းသိမ်းရန် ဂရုမစိုက်နိုင်တော့ပေ။
ယွီလန်သည် သက်ပြင်းရှည်ကြီးချကာ ယွီကျွယ်အားဖက်ရန် လက်ကိုဆန့်ထုတ်ခဲ့သည်။ “ငိုနေတာရပ်တော့။ မင်းအခု သေလောက်အောင် ငိုနေရင်တောင်မှ အတိတ်က ယွီယောင်ကို ငါတို့ပေးခဲ့တဲ့နာကျင်မှုတွေက မပြောင်းသွားဘူး”
“ငါတို့ ယောင်ယောင်ကို သူ့ရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံး ပျော်အောင်ထားမယ်လို့ ကျိန်ခဲ့ကြပေမယ့် သူ့မှာ ဒီလိုနာကျင်ရတဲ့ မှတ်ဉာဏ်တွေ ရှိနေပြီးသားပဲ။ ဘယ်လိုပဲ ငါတို့သူ့ကို ခွင့်လွှတ်အောင်လုပ်ပါစေ အဲ့ဒီမှတ်ဉာဏ်တွေက သူ့ရဲ့နှလုံးသားထဲ ကျန်နေဦးမှာပဲ...”
ဤသည်မှာ ယွီညီအစ်ကိုသုံးယောက်အား စိတ်ပျက်စရာအကောင်းဆုံး ဖြစ်အောင်လုပ်ခဲ့သည်။ သူတို့၏အရင်ဘဝမှ မှတ်ဉာဏ်များ ပြန်လည်ရရှိခြင်းမှာ ကံကြမ္မာမှပေးသော လက်ဆောင်ဖြစ်ပြီး သူတို့အားအပြစ်များ ခွင့်လွှတ်နိုင်ရန် အခွင့်အရေး ရရှိစေကာ သူတို့နာကျင်စေခဲ့သော ညီမလေးအတွက် ပျော်ရွှင်ဖွယ်အနာဂတ်အား ကိုယ်တိုင်ကိုယ်ကျ ဖန်တီးရန်ခွင့်ပြုပေးခြင်း ဖြစ်သည်ဟု သူတို့ထင်ခဲ့ကြသည်။
ယနေ့တွင်မူ ယွီညီအစ်ကိုသုံးယောက်သည် နောက်ဆုံး၌ ဤသည်မှာ ကံကြမ္မာမှပေးသော လက်ဆောင်မဟုတ်ပဲ အပြစ်ဒဏ်သာဖြစ်ကြောင်း သဘောပေါက်ခဲ့ကြသည်။ ကံကြမ္မာက သူတို့အား သူတို့လုပ်ခဲ့သော အပြစ်များအတွက် ပြန်ပေးဆပ်စေချင်ခဲ့သည်။ ၎င်းသည် သူတို့မည်မျှပင်ကြိုးစားကာမူ သူတို့၏ညီမအား ပျော်ရွှင်မှု မယူဆောင်ပေးနိုင်ကြပေ။
အင်အားမဲ့မှုအား ခံစားမိခြင်းမှာ ယွီညီအစ်ကိုသုံးယောက်အား အလွန်နာကျင်စေခဲ့သည်။
![](https://img.wattpad.com/cover/332350610-288-k556557.jpg)
YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...