Part 101

1.3K 102 1
                                    

101 01

Chapter 101: ကောလဟာလ

စိတ်ကျန်းမာရေးဆေးရုံအမှုမှာ အွန်လိုင်းပေါ်၌ ဆွေးနွေးမှုအား စတင်ဆွဲဆောင်သောအခါ လူအများမှာ ဒေါသထွက်နေသော်လည်း မျှော်လင့်ချက်အပြည့်ရှိနေဆဲဖြစ်သည်။

သူတို့သည်ဥပ‌ဒေဖြင့်အုပ်ချုပ်သော လူ့အဖွဲ့အစည်းတွင်နေထိုင်ခဲ့ကြသောကြောင့် သူတို့၏အစိုးရ သူတို့၏နိုင်ငံမှာ နစ်နာသူများအတွက် တရားမျှတမှုအား ဆောင်ကျဉ်းပေးကာ နိုင်ငံသားအားလုံးဆီသို့ ကျေနပ်ဖွယ်တုံ့ပြန်မှုပေးမည်ဟု ယုံကြည်ခဲ့ကြသည်။

ရဲများသည် အပြစ်သားများအား ဆက်တိုက်ဖမ်းဆီးလာသည်နှင့်အမျှ ပြည်သူများ၏ စိတ်ခံစားချက်များမှာ မြင့်တက်လာခဲ့သည်။ သူတို့သည် အမှန်တရား၏အလင်းရောင်၊ နစ်နာသူများ၏ အောင်မြင်ခြင်း၏ တောက်ပသည့်အနာဂတ်ကို မြင်ခဲ့ကြသည်။ သို့သော် ဤမျှော်လင့်ချက်မှာ ရက်စက်ကြမ်းကြုတ်စွာ ပြိုလဲသွားခဲ့ရသည်...

စွန်းလင်၏ဗီဒီယိုမှာ အင်တာနက်ပေါ်တွင် စတင်ပျံ့နှံ့လာသောအခါ အချက်ပြမှုတစ်ခုနှင့် တူနေခဲ့သည်။ ထို့နောက် လိုက်လာသည်မှာ မကောင်းသတင်းများ တစ်ခုပြီးတစ်ခုပင် ဖြစ်သည်...

အစပိုင်းတွင် ယွီမိသားစုများနှင့် ပတ်သက်သည့် သံသယများရှိလာခဲ့ပြီးနောက် သူတို့သည် စွန်းလင်အား စတင်ဆဲဆိုခဲ့ကြသည်။ နောက်ဆုံး၌ လူများသည် အပြစ်သားများအတွက် အကြောင်းပြချက်များ ပေးလာကြသည်။

ဤကဲ့သို့ ပြင်းထန်သည့်ဆွေးနွေးမှုများကြားတွင် စိတ်အားအထက်သန်ဆုံးမှာ အနုပညာရှင်နှစ်ယောက်များ၏ ပရိသတ်များသာဖြစ်သည်။

အမျိုးသားအနုပညာရှင်များထဲမှ တစ်ယောက်မှာ စုန့်စီဖြစ်ပြီး သူ၏ပရိသတ်များမှာ ရူးသွပ်သွားခဲ့ကြသည်။

အစပိုင်းတွင် ရဲများသည် တိကျသောသံသယရှိသူစာရင်းအား မထုတ်လွှင့်ခဲ့ပေ။ စုန့်စီ၏ပရိသတ်များသည် 'ငါတို့က ကောလဟာလတွေကို မယုံဘူး။ ကောလဟာလတွေကို ဖြန့်မှာမဟုတ်ဘူး' ဟုကြေငြာချက်ကိုသာ ထုတ်ပြန်နိုင်ခဲ့သည်။ နောက်ပိုင်း၌ စုန့်စီ၏နာမည်အား ရဲများမှ ကြေငြာလိုက်သောအခါ သူသည် စိတ်ကျန်းမာရေးဆေးရုံမှ သံသယရှိသူဟု လူတိုင်း အတည်ပြုခဲ့ကြသည်။ ထို့နောက် သူ၏ပရိသတ်များမှာ သူတို့၏ ရူးသွပ်နေသည့်ဘက်အား ပြသခဲ့သည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Where stories live. Discover now