Part 105

1.2K 92 1
                                    

105 01

Chapter 105: စိုးရိမ်မှုမရှိခြင်း

ယွီယောင်သည် ကိုယ်တိုင်သူရဲကောင်းဆန်ဆန်ပြုမူမှာအတွက် အထူးအလေးအနက်ပေးသည်ဟု ယွီလန်ထင်ပုံရသည်။ သူမကိုယ်တိုင်နေရာသို့သွား၍ အန္တရာယ်ရှိမည်ကို‌ကြောက်သောကြောင့် သူသည်သူမအား လေးနက်စွာပြောခဲ့သည်။ "ယောင်ယောင်၊ ရဲတွေကဒီသတင်းကို အလေးအနက်ထားထားမထားထား နင်အိမ်မှာပဲနေပြီး အန္တရာယ်ကင်းနေမယ်လို့ ငါမျှော်လင့်တယ် ဟုတ်ပြီလား"

ယွီလန်မှာ မမြင်ရသော်လည်း ယွီယောင်သည် အပေါ်သို့မျက်စောင်းထိုးလိုက်သည်။ "အစ်ကိုကြီး၊ ညီမကသေနိုင်တဲ့ခန္ဓာကိုယ်နဲ့ အားနည်းတဲ့လူဆိုတာ သိပါတယ်။ ညီမက ယုံကြည်မှုလွန်ကဲနေပြီး သူ့အပေါ်ဗုံးတပ်ထားတဲ့ အကြမ်းဖက်သမားကို ဘယ်လိုလုပ်ပြီးရင်ဆိုင်နိုင်မှာလဲ"

သို့သော် ယွီလန်သည် အနည်းငယ်စိုးရိမ်နေသေးပုံရသည်။ "နင်ပြောတဲ့အတိုင်းလုပ်နိုင်မယ်လို့ ငါမျှော်လင့်တယ်။ မဟုတ်လို့ကတော့ ငါနင့်ကို အန္တရာယ်များတဲ့ကိစ္စတွေထဲ ထပ်ပြီး ဝင်ပါခိုင်းမှာမဟုတ်တော့ဘူး"

"နားလည်ပါပြီ..."ယွီယောင်မှာ စိတ်မရှည်စွာပြောလိုက်သည်။ "အစ်ကိုကြီးက တကယ်စကားရှည်တာပဲ"

သူ၏ညီမငယ်မှာ သူ့အားစောဒကတက်နေသော်လည်း ယွီလန်သည်လုံးဝ စိတ်မဆိုးခဲ့ပေ။

ယခုသူသည် ယွီယောင်၏သူ့အပေါ် ကွဲပြားသော သဘောထားများကို စတင်နှစ်သက်လာပြီးဖြစ်သည်။ ယွီယောင်သည် ခုနက စောဒကတက်နေခဲ့သော်လည်း ယွီလန်သည် သူမ၏လေသံနှင့် သဘောထားများက ရင်းနှီးမှုကို ကြားနိုင်သည်။

သူ၏ညီမငယ်မှ ဤကဲ့သို့ ဆက်ဆံခံရသည်မှာ ယခင်ယွီလန်အတွက် စိတ်ကူးယဉ်၍ပင်မဝံ့ရဲပေ။ ထို့ကြောင့် ယွီလန်သည် သူ၏လက်ရှိဘဝအား အလွန်တန်ဖိုးထားကာ ဤသာယာသောဘဝအား တမင်ဖျက်ဆီးရန်ကြိုးစားနေသော လူများကိုလည်း မုန်းတီးခဲ့သည်။

ယွီလန်သည် အလုပ်အဖွဲ့ခေါင်းဆောင်အား အကြမ်းဖက်သမားအချို့သည် သူတို့၏ဆန္ဒကိုဖော်ပြရန်နှင့် ပဋိပက္ခဖြစ်စေရန် လူအုပ်ထဲသို့တိုးဝင်နိုင်ချေမြင့်မားကြောင်း ပြောခဲ့သည်။ အဖွဲ့ခေါင်းဆောင်မှာ ချက်ချင်း ဤကိစ္စကို အာရုံစိုက်ခဲ့သည်။ သို့သော် သူသည် ဤကိစ္စအား အထက်အရာရှိများဆီသို့ တင်ပြသောအခါ သူ၏ကြီးကြပ်‌ရေးမှူးဆီမှ ထပ်မံအဆူခံခဲ့ရသည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Where stories live. Discover now