Chapter 139: မှတ်ဉာဏ်
ယွီဝမ်သည် ဤအရာအားကြားလိုက်သောအခါ သူမ၏အမူအရာမှာ အနည်းငယ် တည်တံ့သွားခဲ့သည်။ သူမသည် ယွီဟုန်နှင့်ချန်းလင်တို့၏ သူမအပေါ်သဘောထားအား မသေချာသေးသည့်အချက်ကြောင့်သာ မဟုတ်ခဲ့လျှင် သူမသည် မသိတတ်သောဝန်ထမ်းအား အကြင်နာတရားကင်းမဲ့စွာ ပါးရိုက်မိလိမ့်မည်ဖြစ်သည်။
သို့သော် ယွီလန်သည် သူမပြုလုပ်ခဲ့သောအရာတစ်ချို့အား ရှာတွေ့ခဲ့ပြီးဖြစ်သည်ဟု ယွီဝမ်လည်းသိနေခဲ့သည်။ ယွီလန်၊ ယွီဟန်နှင့် အခြားသူများမှာ သူမနှင့်စကားများနေခဲ့သည်။ သူတို့သည် သူမအားမနှင်ထုတ်ခဲ့သည့် အကြောင်းအရင်းမှာ သူတို့သည် ယွီဟုန်အား စိတ်ပူသောကြောင့်ဖြစ်နိုင်သည်။ အဆုံးတွင်မူ မိဘမဲ့ဂေဟာမှ ယွီမိသားစုဆီသို့ သူမအားကိုယ်တိုင်ခေါ်ယူလာသူမှာ ယွီဟုန်သာဖြစ်ကာ သူမသည်သူ၏သမီးဟူ၍ ဝန်ခံခဲ့သည်။
ယနေ့ယွီဝမ်သည် ယွီဟုန်၏သနားကြင်နာမှုအား ရယူရန် ယွီမိသားစုဆီသို့ လာခဲ့သည်။ သူမသည် ယွီမိသားစုထဲ၌ ဆက်နေချင်ခဲ့သည်။ သူမနှင့်ယွီညီအစ်ကိုများနှင့် ပဋိပက္ခအား ပြေလည်အောင်မလုပ်နိုင်လျှင်တောင် ကိစ္စမရှိပါ။ သူမသည် ယွီမိသားစု၏ သမီးဖြစ်နေသရွေ့ သူမအားအဖွဲ့အစည်းမှ တန်ဖိုးထားနေမည်ဖြစ်သည်။ သူမတွင်တန်ဖိုးရှိနေသရွေ့ သူမသည် သနားစရာကောင်းသော အခြေအနေသို့ ကျရောက်လိမ့်မည်မဟုတ်ပေ။
ဤအရာကိုတွေးမိသောအခါ ယွီဝမ်သည် ယွီဟုန်၏ခွင့်လွှတ်မှုအား ရယူရန်စိတ်ဆုံးဖြတ်ထားခဲ့သည်။ ထို့ကြောင့် သူမသည် ဤဝန်ထမ်းအသစ်အပေါ်မကျေနပ်မှုအား ယာယီချုပ်တည်းကာ ပြုံး၍ပြောလိုက်သည်။ "အသစ်ထင်တယ်နော်။ ကျွန်မက ဖေဖေနဲ့မေမေတို့ရဲ့ မွေးစားသမီး ယွီဝမ်ပါ။ သူတို့နိုင်ငံခြားကပြန်လာတာကြားလို့ နှုတ်ဆက်ဖို့လာခဲ့တာပါ"
အန်တီဟယ်သည် ချမ်းသာသောမိသားစုများတွင် မကြာခဏ အလုပ်လုပ်ခဲ့ဖူးကာ ချမ်းသာသောမိသားစုများမှ ထူးဆန်းသည့်ဇာတ်လမ်းများကို မြင်ခဲ့ရသည်။ ထို့ကြောင့် သူမယွီမိသားစုအလုပ်လုပ်ရန် မလာခင်တွင် သူမသားဖြစ်သူမှာ သူမအား ယွီမိသားစုအကြောင်း ပြောပြခဲ့သည်။ ဤမွေးစားသမီးအပေါ် သူမ၏သဘောထားအမြင်မှာ အလွန်ဆိုးရွားသည်။

YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...