Chapter 156: ရုတ်တရက်ပျောက်ကွယ်သွားခြင်း
ပြန်လည်မွေးဖွားလာသောယွီယောင်မှာ သူမ၏စိတ်ကူးယဉ်သူငယ်ချင်းထံ သူမ၏ခန္ဓာကိုယ်ကို ပေးခဲ့သည်။ သူမ၏ဟက်ကာကျွမ်းကျင်မှုမှာ သူမ၏အရင်ဘဝတွင် သင်ယူခဲ့သော ဗဟုသုတမျိုးမဟုတ်သော်လည်း သူမဘဝ၏လွန်ခဲ့သောနှစ်အနည်းငယ်အချို့တွင် ဆန်းကြယ်သော ပရိုဂရမ်ရေးဆွဲခြင်းဝက်ဘ်ဆိုဒ်မှ သင်ယူခဲ့ခြင်းဖြစ်သည်။ သူမ၏ဆရာဖြစ်သူမှာ ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ကာ ကမ္ဘာတစ်ခုလုံးအား ကျော်လွှားနိုင်သော ကွန်ပျူတာစွမ်းရည်များ ပိုင်ဆိုင်ခဲ့သည်။ သို့သော် သူသည် လူသားအကျိုးအမြတ်အားလုံးအတွက် တန်ဖိုးတစ်ခုဖန်တီးရန် သူ၏ဗဟုသုတအားအသုံးမပြုချင်သကဲ့သို့ သူသည် မရေမတွက်နိုင်သောပိုက်ဆံများအား မယူချင်ခဲ့ပေ။
ကွန်ပျူတာဉာဏ်ကြီးရှင်ဖြစ်ခြင်းအပြင် ဆရာသည်လည်း ပြစ်မှုဖော်ထုတ်ရေးကျွမ်းကျင်သူဖြစ်သည်။ သူသည်အပြစ်များအားဖန်တီးရန်နှင့် အခြားသူများငရဲပြည်သို့ ကျရောက်သွားသည်ကို ကြိုက်နှစ်သက်နေခဲ့သည်။
ယွီယောင်၏အရည်အချင်းမှာ အံ့ဩဖွယ်ကောင်းသည်ဟု ဆရာကပြောဖူးသည်။ အချိန်တန်လျှင်သူမသည် သူနှင့်တန်းတူဟက်ကာတစ်ယောက် ဖြစ်သွားလိမ့်မည်။
အစပိုင်းတွင် သူ၏ဆရာမှာ သူ၏မကောင်းသည့်အတွေးများအား ယွီယောင်ဆီသို့ မထည့်ဘဲ အရည်အချင်းကိုမြတ်နိုးသောကြောင့်ဖြစ်နိုင်သည်။ နောက်ပိုင်းတွင် သူသည်ယွီယောင်၏မိမိကိုယ်ကို ဖျက်ဆီးလိုသောသဘောထားများအား ခံစားသိရှိသွားကာ ရာဇဝတ်မှုလမ်းကြောင်းဆီသို့ စတင်သွေးဆောင်သွားခဲ့သည်။ ယွီယောင်သည် ယွီဝမ်အားသတ်ခြင်း၊ ယွီညီအစ်ကိုများအားသတ်ခြင်း၊ ခင်ပွန်းဖြစ်သူအားသတ်ခြင်းနှင့် သူမအားနာကျင်စေသောလူများအား သတ်ပစ်ရန်အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးသည်။
သို့သော် ထိုအချိန်၌ယွီယောင်တွင် စိတ်ကူးယဉ်ထားသော "သူငယ်ချင်း" တစ်ယောက်ရှိနှင့်ပြီးဖြစ်သည်။ ဤ "သူငယ်ချင်း"မှာ မိဘမဲ့တစ်ယောက်ဖြစ်သော်လည်း သူမသည်တောက်ပကာ အကောင်းမြင်တတ်သည်။ စကားလုံးကောင်းများအားလုံးကို သူမအားဖော်ပြနိုင်သည်။ သူမသည်ယွီယောင်အား ပြစ်မှုများထပ်ခါထပ်ခါကျူးလွန်ခြင်းမှ တားမြစ်ခဲ့သည်။

DU LIEST GERADE
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romantikဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...