71 01
Chapter 71: နောက်ခံ
"အရင်လတုန်းက ကျွန်မက အရမ်းပျော်စရာကောင်းတဲ့ မိသားစုထဲမှာ နေခဲ့ရတာပါ။ ဖေဖေနဲ့မေမေက ကျန်းမာရေးပြဿနာတွေကြောင့် တစ်နှစ်လုံးနိုင်ငံခြားမှာ သွားအနားယူနေခဲ့ရပြီး အစကိုသုံးယောက်က ကျွန်မအပေါ်အရမ်းကောင်းပါတယ်။ ကျွန်မအတွက် သူတို့ရဲ့အချစ်တွေက ကျွန်မအနားမှာမရှိတဲ့ ဖေဖေနဲ့မေမေအတွက် ပိုချစ်ပေးကြပါတယ်။ ကျွန်မတို့မိသားစု ဆက်ပြီးပျော်ပျော်ရွှင်ရွှင်နေနိုင်မယ်လို့ ထင်ခဲ့တာပါ..."
တိုက်ရိုက်ထုတ်လွှင့်မှုတွင် ယွီဝမ်သည် ခါးသက်သက် ပြုံးခဲ့သည်။
"ဒါကတော့ ကျွန်မအစ်ကိုတွေက ကျွန်မရဲ့သရုပ်မှန်ကိုသိသွားစေပြီး နှစ်ပေါင်းများစွာပျောက်ဆုံးနေခဲ့တဲ့ သူတို့ရဲ့ညီမအရင်းကို ရှာတွေ့ပြီလို့မပြောခင် လအနည်းငယ်မတိုင်ခင်အထိပေါ့။ ကျွန်မကသမီးအရင်းမဟုတ်ခဲ့ပါဘူး"
"ဘာလို့လဲဆိုတော့ ကလေးပျောက်ပြီးနောက် မေမေက အရမ်းဆိုးဝါးတဲ့ စိတ်အခြေအနေ ဖြစ်သွားခဲ့တယ်။ မေမေ့ကိုစိတ်ပျော််အောင်လုပ်ဖို့ အဖေကကျွန်မကို မိဘမဲ့ဂေဟာကနေ မွေးစားခဲ့တယ်။ ဒါပေမယ့် ကျွန်မက အရမ်းအသုံးမဝင်ဖြစ်ပြီး မေမေ့ကို နှစ်သိမ့်မှုမပေးနိုင်ခဲ့ပါဘူး။ ဖေဖေကသာလျှင် မေမေပြန်သက်သာလာအောင် နိုင်ငံခြားကိုခေါ်သွားပေးခဲ့တာပါ..."
ဤအချိန်တွင် ယွီဝမ်သည် သူမ၏မျက်ရည်များသုတ်ချင်ယောင်ဆောင်ခဲ့ကာ တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ ပရိသတ်များ၏တုံ့ပြန်မှုအား တိတ်တဆိတ်စောင့်ကြည့်ခဲ့သည်။ ယွီဝမ်ထင်ထားခဲ့သည့်အတိုင်း တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ ပရိသတ်အများစုမှာ သူမ၏သရုပ်မှန်အတွက် သနားစာနာခဲ့ကြသည်။ ပုံမှန်အားဖြင့် အပျက်သဘောဆောင်သော မှတ်ချက်များမရှိခဲ့ပေ။
ယွီဝမ်သည် စိတ်သက်သာရာရကာ ဆက်ပြောခဲ့သည်။ "ဖေဖေနဲ့မေမေက ဘယ်တုန်းကမှ သူတို့ရဲ့ပျောက်သွားတဲ့သမီးကို ရှာဖို့လက်မလျှော့ခဲ့ပါဘူး။ အရင်လအနည်းငယ်တုန်းက အစ်ကိုငယ်နဲ့ ရသစုံရှိုးရိုက်ခဲ့တဲ့ ယွီယောင်ဆိုတဲ့ သူတို့ရဲ့သမီးအရင်းကို ရှာတွေ့ပြီဆိုတဲ့ သတင်းကိုရသွားခဲ့ပါတယ်။ အဲ့ကတည်းက ကျွန်မရဲ့ဘဝဟာ အရမ်းပြောင်းလဲသွားခဲ့တာပါ..."
![](https://img.wattpad.com/cover/332350610-288-k556557.jpg)
ESTÁS LEYENDO
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...