Chapter 147: ယွီကျွယ်၏ အစီအစဉ်
လူတိုင်း၏အကြည့်များမှာ တစ်ချိန်တည်းတွင် ယွီကျွယ်အပေါ် ကျရောက်သွားခဲ့သည်။ သူသည် ပခုံးတွန့်လိုက်ကာ သူတို့၏မျက်လုံးများထဲတွင် ဓားများရှိနေသကဲ့သို့ စိုက်ကြည့်နေခဲ့ကြသော အစ်ကိုကြီးနှင့်အစ်ကိုလတ်အား ပြန်လှည့်ကြည့်လိုက်သည်။ သူတို့သည် ဤအရာအား လက်မခံချင်မှန်း သူသိနေခဲ့သော်လည်း ဤသည်မှာ အမှန်တရားပင်ဖြစ်သည်။ ယွီကျွယ်ဖြစ်သောသူသည် ယောင်ယောင်၏အချစ်ဆုံးအစ်ကိုဖြစ်နေသည်မှာ သေချာသည်။ အဘယ်ကြောင့်သူတို့သည် သူ့အားစိုက်ကြည့်နေကြသနည်း။
ယွီကျွယ်သည် နှုတ်ခမ်းစူလိုက်ကာ သူ၏အစ်ကိုနှစ်ယောက်၏ အားကျကာမနာလိုဖြစ်နေသည့်အကြည့်များအား မကြည့်တော့ပေ။ သူသည်ယွီယောင်၏နားနားသို့ ထပ်မံ၍ကပ်သွားခဲ့သည်။ "ယောင်ယောင်၊ ငါဒီတစ်ခေါက် ပြန်လာတာ အရမ်းလောသွားပြီး နင့်အတွက် လက်ဆောင်ဝယ်လာပေးဖို့ အချိန်မရခဲ့ဘူး။ ငါဒီပွဲအတွက် ပိုက်ဆံတွေအားလုံးကို ထောက်ပံ့ကြေးအနေနဲ့လွှဲပေးလိုက်မယ် ဟုတ်ပြီလား"
ယွီယောင်သည် သူ၏ဆုများအား နောက်ထပ်ဂရုမစိုက်တော့ပေ။ သူမသည် နှာခေါင်းရှုံ့လိုက်ကာ အော်ပြောလိုက်သည်။ "ဖေဖေက ညီမကို ထောက်ပံ့ကြေးအများကြီးပေးသားပဲ။ အစ်ကိုပေးတာမလိုပါဘူး"
သူမသည်အသံမတိုးခဲ့သောကြောင့် လူတိုင်းသူမပြောသည်ကိုကြားခဲ့သည်။ ယွီဟုန်သည် သူ၏စိတ်ထဲ၌ပျော်ရွှင်နေခဲ့သော်လည်း အပြင်ပန်းတွင် ဖခင်တစ်ယောက်အနေဖြင့် သူ၏ဂုဏ်သိက္ခာကို ထိန်းသိမ်းရမည်။ သူပြောလိုက်သောအခါ သူ၏ပါးစပ်ထောင့်များမှာ ကျေနပ်သောအပြုံးတစ်ခုပေါ်လာခဲ့သည်။ "ယွီကျွယ်၊ မင်းဘာသာမင်း ရတဲ့ပိုက်ဆံကို စုထား။ အဖေတစ်ယောက်အနေနဲ့ သမီးဖြစ်သူကိုထောက်ပံ့ကြေးပေးရမှာ ငါ့ရဲ့တာဝန်ပဲ။ မင်းစိတ်ပူစရာမလိုပါဘူး"
ယွီကျွယ်သည် သူ၏ဖခင်ဖြစ်သူအား လျစ်လျူရှုကာ ယွီယောင်နှစ်သက်မှုရရှိစေရန် ဆက်လက်ပြုမူနေခဲ့သည်။ "ယောင်ယောင်၊ အဖေကနင့်ကိုထောက်ပံ့ကြေးပေးရင်တောင်မှ ငါနင့်ကိုပိုပေးနိုင်ပါတယ်။ ဒါနဲ့ နင်အစ်ကိုလတ်နဲ့ ကုမ္ပဏီထောင်ထားတာ မကြာသေးဘူးမလား။ နင်အရင်းအနှီးအများကြီးလိုမှာပဲ မဟုတ်ဘူးလား"
![](https://img.wattpad.com/cover/332350610-288-k556557.jpg)
YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...