Part 13

4.7K 440 1
                                    

Unicode

Chapter 13: အပြစ်များနှင့် စိတ်ကျန်းမာရေး‌ဆေးရုံ

ယွီလန်သည် သူ၏အရင်ဘဝမှ မှတ်ဉာဏ်များဖြင့် ယွီယောင်မှာ မည်ကဲ့သို့သော လူမျိုးဖြစ်သည်ကို သိသည်။ သူမသည် ခေါင်းမာသော စိတ်နေစိတ်ထားရှိပြီး ချော့မော့ပြောဆိုသည်ကို နှစ်သက်သော်လည်း အကျပ်ကိုင်၍မရသော လူတစ်ယောက်၏ စံဥပမာပင်ဖြစ်သည်။

သူသည် ယွီကျယ်ပြောသည့်အတိုင်းတကယ်လုပ်၍ ယွီယောင်အား သိက္ခာရှိရှိဆုံးမမည်ဆိုပါက သူသည် သူမအား ပို၍ဝေးရာသို့ တွန်းပို့နေမည်သာဖြစ်သည်။

ထို့ကြောင့် ယွီလန်သည် ယွီကျွယ်အား အကြည့်ဖြင့်သာ ပြောလိုက်သည်။ “ငါမင်းနဲ့ပြီးမှရှင်းမယ်”

ယွီလန်သည် ယွီယောင်အား ခေါင်းငြိမ့်ပြကာ ဆိုဖာဆီသို့ ညွှန်ပြခဲ့သည်။ “ကိုယ်ရေးကိုယ်တာ စာရွက်စာတမ်းတွေကို အခုမပြောသေးဘူး။ ငါမင်းနဲ့ တခြားဆွေးနွေးစရာတွေရှိတယ်”

ယွီယောင်သည် ယွီမိသားစုနှင့် အချိန်မဖြုန်းချင်တော့သောကြောင့် ကြမ်းပြင်ပေါ်တွင်သာ မတ်မတ်ရပ်နေခဲ့သည်။ “ရှင်ကျွန်မကိုဘာပြောချင်သလဲ ကျွန်မသိတယ်။ ယွီဝမ်အကြောင်းမလား။ ဟုတ်တယ် ကျွန်မသူ့ကိုရိုက်လိုက်တယ်ဆိုတာဝန်ခံတယ်။ ဒါဆို အခုရှင့်ရဲ့ အဖိုးတန် ညီမလေးကို ကူညီပေးတော့မလို့လား”

သူမ၏လှောင်ပြောင်သံသည် ယွီလန်နှင့် ယွီကျွယ်တို့၏ ရင်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားကာ တစ်ချိန်တည်းတွင် သူတို့အားနာကျင်စေသည်။နှစ်ယောက်စလုံး၏ ယခင်က အပြုအမူများမှာ ယွီယောင်အား အလွန်နာကျင်စေ‌ကာ သူတို့၏လှုပ်ရှားမှုတိုင်းကို သူမ သတိထား‌မိနေအောင်လုပ်‌မိ‌သည်ကို သိသောကြောင့် သူတို့သည် ယွီယောင်အား ကြမ်းတမ်းသောစကား ပြောဆိုသော်လည်းအပြစ်မတင်ပါ။

ယွီလန်သည် သက်ပြင်းအား ခိုးချလိုက်သည်။ ထို့နောက် သူသည် မျက်မှန်ကိုချွတ်ကာ သူ၏နှာခေါင်းရိုးကို နှိပ်နေခဲ့သည်။ သူစကားပြောသောအခါ သူ၏အမူအရာမှာ ပို၍နူးညံ့သည်။ “ယွီယောင် မင်းအထင်လွဲနေပြီ။ ငါအခုပြောမှာက ယွီဝမ်နဲ့ဘာမှမပတ်သက်ဘူး။ စိတ်ကျန်းမာရေးဆေးရုံအကြောင်းပါ”

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Onde histórias criam vida. Descubra agora