Part 58

2.2K 213 0
                                    

58 01

Chapter 58: မနက်စာ

လက်ထောက်ဒါရိုက်တာမှာ တီးတိုးရေရွတ်နေမိသည်။ "ယွီကျွယ်က သူ့ပရိသတ်တွေရှေ့မှာတော့ ရိုင်းစိုင်းတဲ့ ဝံပုလွေလေးတစ်ကောင်ပဲ။ သူညီမလေးရှေ့မှာတော့ သူက အာရုံစိုက်ခံချင်နေတဲ့ ချစ်စရာခွေးကလေးလိုပဲ။ ညီမလေးကတော့ မာနကြီးတဲ့ကောင်မလေး တစ်ယောက်ပေါ့။ မောင်နှမတွေကြားက ဒီဇာတ်ကြောင်းက အရမ်းစိတ်ဝင်စားစရာ ကောင်းတယ်..."

သူ၏ဘေးမှ လုပ်ဖော်ကိုင်ဖက်များကလည်း ပြောခဲ့သည်။ "တကယ့်ကိုယွီကျွယ်ရဲ့စိတ်သဘောထားက အရမ်းထူးခြားပြီး ချစ်ဖို့ကောင်းတယ်။ နောက်ပြီးယွီယောင်က သတင်းစာရှင်းလင်းပွဲမှာ မျက်နှာလဲလှယ်ခြင်းဆော့ဖ်ဝဲကြောင့်အရင်က အတော်အာရုံစိုက်ခံရတယ်။ အခြားအဖွဲ့တွေရဲ့ကျော်ကြားမှုကို‌ ပေါင်းရင်တောင်သူတို့ကိုယှဉ်လို့မရဘူး"

"ယွီကျွယ်နဲ့ သူ့ညီမတို့က ငါတို့ရှိုးရဲ့အဓိကပဲ။ သူတို့အဖွဲ့ကို တာဝန်ယူတဲ့အဖွဲ့သားတွေ အထူးသတိထားရမယ်"

ယခုထိအစသာ ရှိသေးသည်။ ထုတ်လုပ်ရေးအဖွဲ့မှသူတို့၏ နေ့စဉ်အလုပ်အားစတင်ခဲ့ပြီးဖြစ်သော်လည်း သူတို့သည် ဧည့်သည်များဆီသို့ စွမ်းအင်အားလုံး ထုတ်မသုံးကြပေ။

ဤအချိန်၌ သူတို့ခံစားရသည်မှာ ဧည့်သည်များဆီမှ မည်သည့်အရာမျှ စိတ်ဝင်စားစရာမကောင်းပဲ ရိုက်ကူးရန် အလွန်ခဲယဉ်းလှသည်။

သို့သော် မမျှော်လင့်ထားသည်မှာ ယွီကျွယ်နှင့်ယွီယောင်သည် ဤမနက်စောစော၌ သူတို့အား အံ့ဩမှုပေါင်းများစွာ ပေးခဲ့သည်။

ယွီ‌ယောင်သည် ယွီကျွယ်တံခါးအား ခေါက်လိုက်သည်။ တံခါးဖွင့်လိုက်သောလူမှာ အေပရွန်ဝတ်ကာ‌ ယောက်မကိုင်ထားသော ယွီကျွယ်ပင်ဖြစ်သည်။

"ယောင်ယောင် အခုပဲ နင့်ကို လာနှိုးတော့မလို့" ယွီကျွယ်သည် သူ၏ဖြူဖွေးနေသောသွားများ ပေါ်အောင် ရယ်ပြလိုက်သည်။ သူသည်နွေးထွေးစွာနှင့် "ငါနင့်ကိုမနက်စာလုပ်ပေးထားတယ်။ သွားစားရအောင်" ဟုပြောခဲ့သည်။

ဤကဲ့သို့ အိမ်အလုပ်လုပ်သည့်ပုံရိပ်မှာ ယွီကျွယ်နှင့် မည်သို့ချိတ်ဆက်မိသနည်း။ သူမသည် အလွန်အံ့ဩသွားသောကြောင့် ယွီယောင်မှာ တစ်ခဏတာ မတုံ့ပြန်နိုင်ခဲ့ပေ။ သူမသည် သူ၏တိုက်ခန်းထဲသို့ နောက်ဆုံး၌ တွေဝေနေသည့်ခြေလှမ်းများ မလှမ်းခင်တွင် ယွီကျွယ်အား အကြာကြီးစိုက်ကြည့်နေခဲ့သည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Dove le storie prendono vita. Scoprilo ora