88 01
Chapter 88: သဲလွန်စများ
ယွီဝမ်သည် ငိုချင်နေခဲ့သည်။ A3မှာ ကွန်ပျူတာသိပ္ပံဉာဏ်ကြီးရှင်ဖြစ်ကြောင်း သူမသိသော်လည်း သူမသည်A3နှင့် တူညီသည့်အဆင့်သို့မရောက်နိုင်ပေ။
A3သည် ငြင်းပယ်ခံရခြင်းကို မကြိုက်သည့်သူမှန်း ယွီဝမ်သိနေခဲ့သည်။ သူမသည် ဂရုတစိုက်နှင့်သာပြောနိုင်သည်။ "ကျွန်မအရမ်းတောင်းပန်ပါတယ်။ ကျွန်မကွန်ပျူတာသိပ္ပံ အောင်ခွင့်စာမေးပွဲကို ကြည့်လိုက်တယ်။ အဲ့ဒီအောင်လက်မှတ်ရချင်ရင် လအနည်းငယ်စာလုပ်ဖို့အချိန်လိုတယ်။ လအနည်းငယ်အတွင်း ယွီယောင်က တစ်ခုခုလုပ်လိုက်နိုင်တယ်။ ကျွန်မစိတ်ထင် အဆင့်၂ကွန်ပျူတာသိပ္ပံအောင်လက်မှတ်အပေါ် အချိန်ဖြုန်းတာက သိပ်ပြီး တွက်ချေမကိုက်သလိုပဲ..."
ယွီဝမ်စကားပြောလို့ပြီးသောအခါ သူမသည်A3၏ပြန်စာအား အချိန်အတော်ကြာ မကြားခဲ့ပေ။ သူမ၏ငြင်းပယ်သည့်စကားလုံးမှာ A3အားစိတ်မပျော်စေမည်ကို ကြောက်ရွံ့ကာ ပို၍ပို၍စိတ်တုန်လှုပ်လာခဲ့သည်။
A3၏တိတ်ဆိတ်မှု မိနစ်အနည်းငယ်အတွင်း ယွီဝမ်၏စိတ်မှာ ပလောင်းပလဲဖြစ်နေခဲ့သည်။ သူမ၏ကြောက်ရွံ့မှုကြောင့် သူမ၏နှဖူးတွင် ချွေးစေးများပင်ဆို့လာခဲ့သည်။
သို့သော် A3သည် သူ၏စက်ရုပ်သံမှာ အေးစက်မှုဖြင့်ပြည့်နေသော်လည်း ယွီဝမ်အား အပြစ်မတင်ခဲ့ပေ။
"ငါအခုပဲစစ်ဆေးလိုက်တယ်။ မင်းတို့နိုင်ငံရဲ့စာမေးပွဲတွေက တိကျတဲ့ရက်စွဲရှိတယ်။ အဆင့်၂ကွန်ပျူတာသိပ္ပံ အောင်လက်မှတ်ရချင်ရင် မင်းတကယ် လအနည်းငယ်စောင့်ရလိမ့်မယ်ဆိုပေမယ့် ငါအဲ့လောက်မစောင့်နိုင်ဘူး။ ယွီယောင်ကိုဆက်ပြီးစုံစမ်းဖို့နည်းလမ်းကို စဉ်းစားစေချင်တယ်။ သူရဲ့ကွန်ပျူတာစွမ်းရည်တွေ ဘယ်လောက်ရောက်ပြီလဲဆိုတာ ငါဖော်ထုတ်ရမယ်"
ယွီဝမ်သည် စကား၏ ပထမတစ်ပိုင်းအား ကြားသောအခါ စိတ်သက်သာရာရသွားသည်။ သို့သော် သူမပို၍နားထောင်လေလေ သူမပိုပြီးစိတ်လှုပ်ရှားလေဖြစ်သည်။ သူမသည်ငိုခဲ့သောကြောင့် သူမ၏အသံထဲ၌ ကြောက်ရွံ့မှုအပိုင်းအစပင် ပါနေသေးသည်။ "ဒါပေမယ့် ဒါပေမယ့် ကျွန်မက ကွန်ပျူတာပရိုဂရမ်ရေးဆွဲတာနဲ့ ပတ်သက်ပြီး ဘာမှမသိဘူး။ ဘယ်လိုဖြစ်ပြီး ယွီယောင်ရဲ့ အဆင့်ကိုတိုင်းနိုင်မှာလဲ"

KAMU SEDANG MEMBACA
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romansaဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...