Part 92

1.5K 121 0
                                    

92 01

Chapter 92: ပြစ်မှုသက်သေ

ပရိသတ်များ၏ကဲ့ရဲ့ခြင်းခံနေရသော ယွီဝမ်နှင့်မတူဘဲ ယွီယောင်မှာ ကောင်းမွန်သောသုံးသပ်ချက်များစွာ ရရှိခဲ့သည်။

"ငါရသစုံရှိူးရဲ့ ဒီအပိုင်းကိုကြည့်ပြီးပြီ။ သမီးအရင်းဖြစ်တဲ့ ယွီယောင်အပေါ် ငါ့ရဲ့အမြင်က သိသိသာသာတိုးတက်လာတယ်။ သမီးအရင်းသာမဟုတ်ခဲ့ရင် ယွီကျွယ်လည်း ယွီဝမ်ကြောင့်ဆွဲချခံရပြီး တစ်ပိုင်းသေသွားလောက်ပြီ"

"အပေါ်ကကောမန့်ကို သဘောမတူဘဲ မနေနိုင်ဘူး..."

ရသစုံရှိုး၏ဒုတိယပိုင်းအား တိုက်ရိုက်ထုတ်လွှင့်ပြီးသည့်နောက် ယွီဝမ်သည် ကြည့်ရှုသူများ၏တုံ့ပြန်ချက်ကို ဂရုစိုက်နေခဲ့သည်။ သို့သော် ကြည့်ရှုသူများ၏ကောမန့်များမှာ ယွီဝမ်အတွက် လက်မခံနိုင်လောက်အောင်ဖြစ်နေသည်။

ယွီဝမ်သည် ရသစုံရှိုးအား ဂရုတစိုက်ကြည့်ကာ သူမလုံးဝသတိမထားမိခဲ့သော အသေးစိတ်တစ်ချို့အား သတိပြုမိခဲ့သည်...

သူမသည် အလွန်ရင်းနှီးစွာ ပြုမူခဲ့ပြီးဖြစ်သည်။ အဘယ်ကြောင့် ကင်မရာမှန်ဘီလူးများအောက်တွင် သူမယွီယောင်အား မျက်နှာချင်းဆိုင်လိုက်သောအခါ သူမ၏စိတ်ရင်းမှဖုံးကွယ်နေသော မုန်းတီးမှုနှင့်မနာလိုမှုအား လူများအဘယ်ကြောင့် မြင်နိုင်သေးသနည်း။

သူမသည်ယွီကျွယ်၏အဖွဲ့အား သူတို့၏တာဝန်ပြီးမြောက်ဖို့ကူညီရန် အလုပ်ကြိုးစားခဲ့သည်မှာ သေချာနေသော်လည်း အဘယ်ကြောင့် ထုတ်လုပ်ရေးအဖွဲ့မှာ သူမကူညီခဲ့သောမြင်ကွင်းများအားလုံးကို ဖျက်ပစ်ပြီး သူမသည်ယွီယောင်နှင့်ယွီကျွယ်အပေါ် ပြဿနာဖြစ်စေသည့် အပိုင်းများကိုသာ ချန်ထားခဲ့သနည်း။

ရသစုံရှိူး၏ဤအပိုင်းအားကြည့်ပြီးနောက် ယွီဝမ်မှာ ‌ဒေါသထွက်သွားခဲ့သည်။ သူမသည်ဖုန်းအား ဒေါသတကြီးကောက်ကိုင်ကာ ယွီကျွယ်၏နံပါတ်အား ခေါ်ဆိုခဲ့သည်။

ယွီကျွယ်သည် အချိန်အတော်ကြာပြီးနောက် ဖုန်းကိုင်ခဲ့သည်။

ထို့နောက်ဖုန်းကိုင်ထားသည့် အခြားတစ်ဖက်မှ ယွီဝမ်၏ဒေါသတကြီး စောဒကတက်သံကိုကြားခဲ့ရသည်။ "အစ်ကိုငယ် ရသစုံရှိုးကိုကြည့်ပြီးပြီလား။ ထုတ်လုပ်ရေးအဖွဲ့က အရမ်းလွန်တာပဲ။ သူတို့ရှိုးကို ဆိုးဆိုးဝါးဝါးတည်းဖြတ်ထားကြတယ်။ သူတို့ညီမကို ပြဿနာရှာဖို့ပဲသိပြီး ဘာမှမလုပ်နိုင်တဲ့လူလိုမျိုးလုပ်ပြီး ကင်မရာရှေ့မှာ ညီမရဲ့အသုံးမကျမှုကိုပြနေတယ်။ အစ်ကိုငယ် ထုတ်လုပ်ရေးအဖွဲ့ကို မြန်မြန်ဆက်သွယ်ပြီး ဒီအပိုင်းကိုဖယ်ဖို့နဲ့ ပုံမှန်ရှိုးရဲ့‌ဗားရှင်းအသစ်ကို တည်းဖြတ်ခိုင်းပါ"

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Donde viven las historias. Descúbrelo ahora