Unicode
Chapter 42: တိုက်ရိုက်တုံ့ပြန်မှု
“ယွီယောင် ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့မေးခွန်းကို တိုက်ရိုက်ဖြေပေးပါ…”
“ခင်ဗျားအပြစ်ရှိတယ်လို့ ခံစားမိလား”
“ဒီဓာတ်ပုံတွေက ဘယ်တုန်းက ရိုက်ထားလဲမေးလို့ရမလား”
“ခင်ဗျားမှာ လျှို့ဝှက်စွဲလမ်းတာမျိုးတွေ ရှိလား”
အရှေ့သို့တက်လာသော သတင်းထောက်များအား ရင်ဆိုင်ရင်း ယွီယောင်သည် ငြိမ်ငြိမ်သက်သက်နှင့် စိတ်ကိုစုစည်းနေခဲ့သည်။ သူမသည် သတင်းထောက်များအား ငြိမ်ငြိမ်နေရန် လက်ဟန်ပြလိုက်သည်။
ထို့နောက် သူမသည် မိုက်ခရိုဖုန်းကိုယူကာ တည်ငြိမ်စွာ ပြောခဲ့သည်။ “အားလုံးတုန်လှုပ်သွားမယ်ဆိုတာ သိပေမယ့် အခုဆို အရေးပေါ်ထွက်ပေါက်မှာ ပိတ်ထားတဲ့လူတွေ အများကြီးလည်း ရှိတယ်။ ကျွန်မ ထွက်ပြေးချင်ရင်တောင် ပြေးလို့မရပါဘူး။ ဒါကြောင့် အားလုံးပဲ စိတ်အေးအေးထားပြီး ကျွန်မရှင်းပြတာကို နားထောင်ပေးကြပါ...”
ပွဲတွင်ရှိနေသော သတင်းထောက်များသာမက တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေသော အင်တာနက်သုံးစွဲသူများ သန်းပေါင်းများစွာပင်လျှင် သူမ၏တည်ငြိမ်နေသည့် သဘောထားကြောင့် ဇဝေဇဝါဖြစ်နေခဲ့သည်။
ပွဲ၌ရှိနေသည့် သတင်းထောက်တစ်ဦးက အင်တာနက်သုံးစွဲသူများ၏အတွေးများကို ပြောပြခဲ့သည်။ “ယွီယောင် ခင်ဗျားဘာလို့ ထူးခြားနေရတာလဲ။ ခင်ဗျားရဲ့ကျောထောက်နောက်ခံအနေနဲ့ ယွီမိသားစုရှိလို့လား ဒါမှမဟုတ် ခင်ဗျားရှင်းပြဖို့ကို လုံးဝ လက်လျှော့လိုက်တာလား”
“ရှင်တို့ရဲ့ခန့်မှန်းချက်တွေက အရမ်းစိတ်ဝင်စားစရာ ကောင်းပေမယ့် ကံမကောင်းစွာနဲ့ တစ်ခုမှ အကြောင်းပြချက်မဟုတ်ဘူး” ယွီယောင်သည် သူမခေါင်းကို ခါပြလိုက်သည်။ “ကျွန်မ အရမ်းတည်ငြိမ်နေတဲ့ အကြောင်းအရင်းကတော့ ဒီပုံတွေကအတုဖြစ်နေလို့ပဲ။ ဒီပုံတွေပေါ်ကလူက ကျွန်မမဟုတ်ဘူး။ ကျွန်မ စိတ်လှုပ်ရှားစရာအကြောင်း မရှိဘူး”

VOUS LISEZ
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Roman d'amourဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...