Part 32

3.2K 319 0
                                    

Unicode
Chapter 32: အမုန်းများဖြင့်ပြည့်နေသူ

ယွီဟန်သည် မနက်ပိုင်းအတန်းအပြည့် ရှိနေသောကြောင့် ယွီယောင်တွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သူ မသိခဲ့ပေ။ သို့သော် အတန်းပြီးသည့်နောက် မကြာမီပင် သူ သိရှိသွားခဲ့သည်။

သူသည် အလျင်အမြန်ပင် ရဲစခန်းသို့မောင်းသွားခဲ့သည်။ ယွီယောင်နှင့်ယွီကျွယ်တို့သည် သူတို့၏တင်ပြချက်များအား ရေးထားပြီးဖြစ်ကာ စာရွက်အချို့အား လက်မှတ်ထိုး၍ ပြန်တော့မည်ကို သူတွေ့ခဲ့ရသည်။

သူသည် ယွီကျွယ်အား မကြည့်ပေ။ သူသည် ယွီယောင်ဆီသို့ ပြေးသွားကာ စိတ်ပူစွာနှင့် သူ၏ညီမလေးအား မေးလိုက်သည်။ “ယောင်ယောင်၊ အဆင်ပြေလား။ ထိသွားသေးလား”

“ကျွန်မက ဘယ်လိုလုပ် ထိခိုက်ဒဏ်ရာရမှာလဲ။ တ‌စ်ယောက်ယောက်နဲ့ ရန်ဖြစ်နေတာမှ မဟုတ်ပဲ” ယွီယောင်သည် မျက်စောင်းထိုးလိုက်ကာ ယွီကျွယ်အား မျက်နှာစူပြလိုက်သည်။ “ဒီကောင်လေးကိုသာ ဂရုစိုက်။ သူက ရဲစခန်းရောက်နေ‌တာတောင် သူများကို ရိုက်ချင်နေတုန်းပဲ။ ရဲက သူ့ကိုတောင် ဖမ်းထားတော့မလို့..”

ယွီကျွယ်သည် သူ၏အစ်ကိုလတ်မှလွဲ၍ နေရာတိုင်းကို ကြည့်လိုက်သည်။ သူသည် ဖမ်းဆီးချုပ်နှောင်ခံထားရလုနီးပါး ဖြစ်နေပုံနှင့် လုံးဝမတူပေ။ သူသည် စိတ်ကောင်းဝင်နေပုံရသည်။

သူသည် တကယ်ပင် စိတ်ကောင်းဝင်နေသည်။ ကောင်းချန်မှာ သူနှင့်ယိုးယွင်သည် ယောင်ယောင်အား အကွက်ချ ကြံစည်သည်ဟု ဝန်ခံလိုက်သည်ကို သူ ကြားသောအခါ ယွီကျွယ်သည် ရဲ၏ရှေ့၌ ဤကောင်စုတ်အား ရိုက်ပစ်ချင်နေခဲ့သည်။

ယောင်ယောင်သည် သူ့အား အစ်ကိုဟုခေါ်သကဲ့သို့ တင်းကျပ်စွာ ဖက်ထားပေးခဲ့သည်။

ယွီကျွယ်သည် ယွီဟန်အား ကြွားချင်နေသော်လည်း ယောင်ယောင်မှာ ယခုထိ သူ၏ဘေးတွင် ရှိနေသောကြောင့် သူသည် အစ်ကိုတစ်ယောက်အနေဖြင့် မာနကြောင့် သည်းခံထားရသည်။ သူသည် သူ၏အစ်ကိုကြီးနှင့် အစ်ကိုလတ်အား သတင်းကောင်း မပြောခင် ခဏတာသည်းခံနေမည် ဖြစ်သည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Where stories live. Discover now