108 01
Chapter 108: အဖွဲ့ခေါင်းဆောင်၏အနစ်နာခံမှု
သက်လတ်ပိုင်းလူမှာ တုံ့ပြန်ရန် အခွင့်အရေးမရှိသော်လည်း သူ၏အကြံဖျက်ဆီးခံရခြင်းကြောင့် ဒေါသမထွက်ခဲ့ပေ။ ထိုအစား သူသည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "မင်းကငတုံးရဲပဲ။ မီးခြစ်ကိုလွှင့်ပစ်လိုက်တာနဲ့ ငါကဗုံးမခွဲနိုင်တော့ဘူးလို့ ထင်နေတာလား"
အဖွဲ့ခေါင်းဆောင်မှာ ထိတ်လန့်သွားခဲ့သည်။ ရုတ်တရက် သူသည် သက်လတ်ပိုင်းလူထံမှ ရှင်းလင်းပြတ်သားသော နာရီလက်တံသံအား ကြားလိုက်ရသည်။
သူသည် သက်လတ်ပိုင်းလူ၏ အဝတ်အစားအား ဆွဲတင်ကာ သူ၏အနောက်တွင်ရှိသော အချိန်တိုင်းကိရိယာအား တွေ့ခဲ့သည်။ ဤသည်မှာ ချိန်ကိုက်ဗုံးဖြစ်နေခဲ့သည်။
အချိန်မှာ ဆယ်စက္ကန့်သာကျန်တော့သည်ဟု ပြသနေခဲ့သည်။
အဖွဲ့ခေါင်းဆောင်မှာ လှမ်းကြည့်လိုက်ကာ လူတိုင်းမှာ ဤနေရာသို့လာရန် ဟန်ပြင်နေခဲ့ကြသည်။ သူသည်ခေါင်းကိုခါ၍ အော်လိုက်သည်။ "အားလုံးပဲ နောက်ဆုတ်ကြ။ မလာကြနဲ့"
ထို့နောက် အဖွဲ့ခေါင်းဆောင်သည် သက်လတ်ပိုင်းလူအား ချုပ်နှောင်ထားသည်။ သူသည် သက်လတ်ပိုင်းလူ၏ ကော်လံအားဆွဲကာ သူ၏ရှိသမျှအားအင်နှင့် ဆုပ်ကိုင်ထားခဲ့သည်။ စက္ကန့်ပိုင်းအတွင်း သူသည် သက်လတ်ပိုင်းလူအား ဆွဲခေါ်ကာ ရင်ပြင်ထဲမှ ရေကန်ထဲသို့ ပြေးသွားခဲ့သည်။
ဤအချိန်တွင် အချိန်သတ်မှတ်ချက်မှာ နောက်ဆုံးစက္ကန့်ပိုင်းသို့ ရောက်ရှိနေပြီးဖြစ်သည်။ သက်လတ်ပိုင်းလူမှာ ယခုထိရုန်းကန်နေသည်ကို မြင်ရသောအခါ အဖွဲ့ခေါင်းဆောင်မှာ သူ့အား တင်းကျပ်စွာ ဖက်ထားပစ်လိုက်သည်။ သူတို့နှစ်ယောက်လုံး ရေကန်ထဲသို့ ကျသွားခဲ့သည်။
အခြားရဲများမှာလည်း တစ်စုံတစ်ခုအား သတိပြုမိခဲ့ပြီးဖြစ်သည်။ သူတို့သည် ဖျော့တော့သောမျက်နှာများနှင့် ပြေးသွားခဲ့ကြသည်။
လမ်းတစ်ဝက်ရောက်သောအခါ သူတို့သည် ရေကန်မှ ကျယ်လောင်သောအသံအားကြားကာ ရေများမှာ နေရာတစ်ခုလုံးအား မြင့်မားစွာ ပန်းထွက်လာခဲ့သည်။
YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...