Part 144

667 59 0
                                    


Chapter 144: အနာစက်

ချန်းလင်သည် ယွီဟုန်၏ အနာစက်ဖြစ်သည်။ သူသည် သူ၏မိန်းမအား မည်မျှတောင် ချစ်ခဲ့သနည်း။

ချန်းလင်၏စိတ်ကျန်းမာရေး ယိုယွင်းလာပြီးနောက် ယွီဟုန်သည် သူမအား ဘယ်သောအခါမျှ မထားခဲ့ပေ။ သူမတွင် ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အစပိုင်းတွင် သူ ဖော်ထုတ်နိုင်ခဲ့ကာ တတ်နိုင်သမျှ မြန်မြန် ထိုအရာအား ဖြေရှင်းလိမ့်မည်။ သူသည် ချန်းလင်အား သတ်သေခြင်းမှ တစ်ကြိမ်ထက်မက တားဆီးနိုင်ခဲ့ကာ သူမ၏စိတ်ဓာတ်ပြိုလဲမှုကြောင့် တစ်ကြိမ်ထက်မက နာကျင်ခဲ့ရသည်...

ထို့နောက် သူ၏ဇနီးဖြစ်သူ အခြေအနေအား တိုးတက်စေရန် သူ၏အသက်မွေးဝမ်းကြောင်းကိုပင် စွန့်ခွာကာ မရင့်ကျက်သေးသော သူ၏သားအကြီးဆုံးထံ ကုမ္ပဏီကြီးအား လွှဲပြောင်းပေးခဲ့သည်။ သူသည် သူ၏ဇနီးအား ဆွစ်ဇာလန်သို့ ခေါ်သွားကာ ပတ်ဝန်းကျင်အသစ်တွင် သူမ၏သမီးအား တဖြည်းဖြည်း မေ့သွားနိုင်အောင် ပြုလုပ်ပေးခဲ့သည်။

သူတို့ဆွစ်ဇာလန်သို့ ရောက်သည့်အချိန်ကတည်းက ယွီဟုန်သည် ခေါင်းသိပ်မရှင်းသေးသည့် ချန်းလင်အား လှည့်စားခဲ့သည်။ သူသည် သူတို့မှာ ယခုလေးတင် တွေ့ဆုံကြကာ ဟန်းနီးမွန်းထွက်သည့်နေရာ‌တွင်သာ ရှိနေကြကာ ကလေးယူဖို့မှလွဲ၍ မိသားစုမဖွဲ့ရသေးဟု သူမအား ထင်စေခဲ့သည်။

သူတို့၏ပြင်းပြသော အချစ်မှာ ဆယ်နှစ်ကျော်ကြာ တည်ရှိနေခဲ့သည်။ နေ့တိုင်းမှာ အလွန်ရိုမန်တစ်ဆန်ကာ အသေးအဖွဲကိစ္စနှင့် ရန်မဖြစ်ဖူးခဲ့ပေ။

ရံဖန်ရံခါတွင် ချန်းလင် သတိပြန်ရလာသောအခါ သမီးဖြစ်သူအား ဆုံးရှုံးလိုက်ရသည့်အတွက် နာကျင်နေရဆဲ ဖြစ်သည်။ သို့သော်လည်း ခင်ပွန်းသည်မှာ သူမအတွက် ဘယ်လောက်အထိ လုပ်ပေးခဲ့ပြီး သူမအား ကာကွယ်‌ပေး၍ ချစ်ပေးသည်ကို သူမ တွေးမိသောအခါ သူမ၏စိတ်ကျန်းမာရေး အခြေအနေမှာ တဖြည်းဖြည်း တိုးတက်လာခဲ့သည်။

သို့သော် ယခုတွင် ဆယ်နှစ်ကျော်ကြာ ယွီမိသားစုနှင့် အတူနေလာခဲ့သော‌ မွေးစားသမီးမှာ ဤကဲ့သို့သော သဘောထားနှင့် သူ၏ဇနီးဖြစ်သူအကြောင်း ပြောနေခဲ့သည်။ ဤသည်မှာ အမြဲတည်ငြိမ်နေခဲ့သော ယွီဟုန်အား ချက်ချင်း အေးစက်သွားစေခဲ့သည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Where stories live. Discover now