68 01
Chapter 68: ထွက်ပြေးခြင်း
ယွီဝမ်သည် ယွီကျွယ်အား အလွန်နာကျင်နေသည့်ပုံနှင့် အထိတ်တလန့် ကြည့်လိုက်သည်။
ယွီကျွယ်သည် သူ၏မေးစေ့အား တွေးတောနေသည့် အမူအရာနှင့် ပွတ်သပ်နေသည်။
"အရင်တုန်းက အစ်ကိုကြီး၊ အစ်ကိုလတ်နဲ့ ငါက နင်လုပ်ခဲ့တာတွေဟာ နင်က မိန်းမငယ်လေးဖြစ်ပြီး မနာလိုဖြစ်နေခဲ့လို့လို့ ထင်ခဲ့မိတယ်။ ဒါကပြဿနာကြီး မဟုတ်ပါဘူး။ ဒါပေမဲ့ ကြာလာတော့ ငါတို့ နင့်ကို လွှတ်ထားတဲ့အခါ ငါတို့က နင့်တုန်းကလိုမျိုး ယောင်ယောင်ကို နာကျင်အောင် လုပ်နေခဲ့မှန်း နားလည်ခဲ့တယ်။ အခုတော့ငါတို့အမှန်တရားကို သိသွားခဲ့ပြီး နင့်ရဲ့မကောင်းတဲ့ ရည်ရွယ်ချက်တွေထဲ အဓိပ္ပာယ်မရှိပဲ ဝင်မပါချင်တော့ဘူး။ ငါတို့လည်း ဒီထက်ပိုပြီး နင့်ရဲ့ကြံရာပါတွေ မဖြစ်ချင်တော့ဘူး"
"ဒါပဲ"
ယွီဝမ်သည် ယွီကျွယ်အား ကြောင်ကာ ကြည့်နေခဲ့မိသည်။ ယွီကျွယ်သည် ဤကဲ့သို့ တည်ငြိမ်၍ နှလုံးသားမရှိသည့်ပုံစံမျိုး ရှိနေကြောင်း သူမ သတိထားမိခဲ့သည်မှာ ပထမဆုံးဖြစ်သည်။
"အစ်ကိုငယ် ဘယ်လိုဖြစ်ပြီး ဒီလိုမျိုး ပြောရက်ရတာလဲ။ အစ်ကိုကြီးနဲ့အစ်ကိုလတ် ပြောင်းလဲသွားခဲ့ရင်တောင် အစ်ကိုက ညီမကို မပစ်သွားဘူးလို့ ထင်ခဲ့တာလေ..."
ယွီဝမ်၏မျက်လုံးများမှ မျက်ရည်စီးကြောင်းနှစ်ကြောင်း ကျဆင်း လာသည်။ သူမသည် အလွန်ပင် သနားစရာကောင်းပုံ ပေါ်နေသည်။ "အစ်ကို ညီမကို ဒီလောက်တောင် မုန်းသွားအောင် လုပ်ဖို့ မမက ဘာဆေးတွေ တိုက်လိုက်လဲတော့ မသိဘူး။ ဒါပေမဲ့ညီမက အစ်ကို ထင်သလို တကယ်မဟုတ်တာတော့ ကျိန်ရဲတယ်"
ယွီဝမ် ထိုသို့ပြောပြီးနောက် သူမသည် ယွီကျွယ်၏ အဝတ်အစားများအား ဆုပ်ကိုင်လိုက်သည်။ "အစ်ကိုငယ်၊ ညီမတို့ကြား အထင်လွဲစရာတွေ ရှိတယ်။ အစ်ကို ညီမကို ရှင်းပြခွင့်ပြုနိုင်မလား"
ယွီကျွယ်သည် မသိစိတ်က ခြေတစ်လှမ်းဆုတ်သွားကာ ငိုနေသော ယွီဝမ်အား ကူကယ်ရာမဲ့ ကြည့်နေသည်။ သူသည် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ "ယွီဝမ်၊ ခုနက ယောင်ယောင် နင့်ကို လိမ်ခဲ့တာ မဟုတ်ဘူး။ ငါတို့အားလုံး နင်ဘာလုပ်ခဲ့လဲ ဆိုတာ သိပြီး သက်သေအထောက်အထားလည်း ရှိတာကြောင့် ငါနင့်ရဲ့ရှင်းပြချက်ကို နားမထောင်ဘူး။ အဲ့ဒါတွေက ဆင်ခြေတွေ သပ်သပ်ပဲ"

STAI LEGGENDO
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Storie d'amoreဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...