Part 154

535 49 1
                                    


Chapter 154: အလည်အပတ်

ယွီမိသားစု၏ အခြေအနေမှာ ယခုတလော အလွန်တင်းမာလွန်းနေခဲ့သည်။ နှစ်ပေါင်းများစွာကြာ ပျောက်ဆုံးပြီးနောက် ရှာတွေ့ခဲ့ရသော သူတို့၏အငယ်ဆုံးသမီးဖြစ်သူ ယွီယောင်မှာ အမည်မသိနိုင်‌သော အကြောင်းပြချက်ကြောင့် သတိလစ်မေ့မြောနေခဲ့သည်။

ဆရာဝန်မှာ ပြင်ပပြဿနာများရှာမတွေ့နိုင်သောကြောင့် သူတို့သည် ကမ္ဘာပေါ်ရှိ အကျော်ကြားဆုံး စိတ်ကျန်းမာရေးဆရာဝန်အား ဖိတ်ကြားခဲ့သည်။ အထူးကုမှာ သတိလစ်မေ့မြောနေသော ယွီယောင်အား မျက်နှာချင်းဆိုင်လိုက်ကာ ဤကိစ္စမှာ အလွန်ပရိယာယ်များသည်ဟု ခံစားမိခဲ့သည်။ သူသည် ယွီယောင်နှင့် ဆက်သွယ်၍မရသောကြောင့် အခြားနားလည်များကိုပင် သုံးခဲ့သည်။

စိတ်ကျန်းမာရေး‌ဆရာဝန်မှာ ယွီယောင်အား ယွီယောင်နှင့်ပတ်သက်သော မေးခွန်းများစွာကို မေးခဲ့သည်။ သူသည်ယွီမိသားစုဆီမှရသော အချက်အလက်များအပေါ် အခြေခံပြီး ယွီယောင်သည် ကိုယ်ရည်ကိုယ်သွေးနှစ်မျိုးရှိသည်ဟူ၍သာ ကောက်ချက်ချနိုင်ခဲ့သည်။

သူမသတိမေ့နေသည့် အကြောင်းအရင်းအဖြစ် ၎င်းသည်မူလကိုယ်ရည်ကိုယ်သွေး ပြန်လည်ရှင်သန်လာခြင်း သို့မဟုတ် ကိုယ်ရည်ကိုယ်သွေးနှစ်ခု ပေါင်းစပ်နေခြင်းကြောင့် ဖြစ်နိုင်ခဲ့သည်။

စိတ်ကျန်းမာရေး‌ဆရာဝန်မှာ အကြောင်းအရင်းအား အကြမ်းဖျင်းနားလည်ပြီးသည့်နောက် သူသည် ယွီယောင်အားနိုးထစေရန်‌နည်းလမ်းနှင့် ပတ်သက်၍ ဘာမျှမလုပ်နိုင်ခဲ့သေးပေ။ ယွီမိသားစုမှာ ယွီယောင်နှင့်ဆက်သွယ်နိုင်သည်ဟူ၍သာ အကြံပြုပြီး သူမ၏စိတ်စွမ်းအင်အား လှုံ့ဆော်ရန်နည်းလမ်းများ စဉ်းစားခဲ့သည်။

ယွီမိသားစုဝင်တိုင်းမှာ အလုပ်လုပ်ခြင်းအား ရပ်နားခဲ့သည်။ သူတို့သည် ယွီယောင်ကုတင်ဘေးတွင် တစ်ယောက်တစ်လှည့်ထိုင်ကာ သူမအား အဆက်မပြတ်စကားပြောနေခဲ့သည်။

ချန်းလင်စကားပြောသောအခါ သူမ၏မှတ်ဉာဏ်များထဲသို့ နစ်မြောသွားခဲ့သည်။ သူမသည် ယွီယောင်ငယ်စဉ်က သူမ၏‌အရှေ့တွင် ချစ်စရာကောင်းစွာ ပြုမူနေသောအချိန်များအကြောင်း ပြောရသည်ကို ကြိုက်နှစ်သက်နေခဲ့သည်။ သူမသည် မိခင်တစ်ယောက်အနေဖြင့် သူမ၏သမီးအား မည်မျှပင်လွမ်းနေခဲ့သည်ကို ပြောပြခဲ့သည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Where stories live. Discover now