116 01
Chapter 116: ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီ
ယွီယောင်ယခုလုပ်နေသည်မှာ အလွန်ရှုပ်ထွေးလွန်းလှသည်။ သူမသည် ထိုဆန်းကြယ်သော အဖွဲ့အစည်းနှင့် ပတ်သက်၍ သတင်းများအား အင်တာနက်ပေါ်တွင် ဦးတည်ရာမဲ့ကာ မကြာခဏရှာဖွေလေ့ရှိသည်။ တစ်ခါတစ်ရံ သူမသည် ထိုဆန်းကြယ်သောလူ၏ ခြေရာများအား ဖမ်းမိပြီဟု သူမထင်ခဲ့သည်။ သို့သော် သူမသည်သူ့အား ခြေရာခံခဲ့သောအခါ သူသည်အရေးမပါသောလူမျှသာ သို့မဟုတ် ထောင်ချောက်တစ်ခုသာ ဖြစ်နေသည်ကို သူမသိခဲ့ရသည်။
ထို့ပြင် ယွီယောင်သည် အင်တာနက်မှတစ်ဆင့် စိတ်ကျန်းမာရေးဆေးရုံ၏အမှုတွင် ရဲများမှ သံသယရှိသူများ၏ သက်သေအား စုဆောင်းရာတွင် အချိန်များစွာ သုံးခဲ့ရလိမ့်မည်။ သူမသည် အင်တာနက်ပေါ်မှ လူထုအမြင်အား ရဲများအာရုံပြုနိုင်ရန်လည်း ကူညီခဲ့ရသည်။ သူမသည် အလွန်အလုပ်များကာ ရက်အတော်ကြာ ကျောင်းသို့ မသွားခဲ့ပေ။
သူမ၏အရင်ဘဝတွင် ယွီယောင်မှာ အမျိုးသားလုံခြုံရေးဌာနကြီးတစ်ခုတွင် ရှိခဲ့ဖူးသည်။ လူတိုင်းသည် ယခုသူမနှင့်အတူဘဲ အထူးတာဝန်များကိုသာ တာဝန်ယူရန်လိုအပ်ခဲ့သည်။ သသမသည် အချက်အလက်များစုဆောင်းပြီး ဒေတာများခွဲခြမ်းစိတ်ဖြာကာ ပုံမှန်မဟုတ်သည့်အကောင့်များကိုသာ လိုအပ်ခဲ့သည်...
မလွှဲမရှောင်သာဖြင့် ယွီယောင်မှာ သူ၏အကြံပေးချက်ကြောင့် စိတ်လှုပ်ရှားသွားခဲ့သည်။
သို့သော် သူမသည် အနည်းငယ် ချီတုံချတုံဖြစ်နေခဲ့သေးသည်။ "ဒါပေမယ့် အစ်ကို့ရဲ့အဓိကသုတေသန ဦးတည်ရာက ဇီဝဗေဒသိပ္ပံလေ။ ညီမတို့ နယ်ပယ်တွေက မတူဘူး။ အစ်ကိုဘယ်လိုမျိုး ညီမကို ကူညီနိုင်မလဲ"
ယွီဟန်သည် သူ၏အရှေ့နားတစ်ဝိုက်တွင်ရှိသော လက်ပ်တော့အား ဖွင့်လိုက်ကာ ယွီယောင်ဆီသို့ ဖန်သားပြန်ကိုပြသခဲ့သည်။ "ပရော်ဖက်ရှင်နယ် နည်းပညာနဲ့တော့ ငါနင့်ကို များများစားစား မကူညီနိုင်ပေမယ့် အခြားနည်းတွေနဲ့ ကူညီနိုင်ပါတယ်။ ငါ့အကြံက ငါတို့ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီကို တည်ထောင်ပြီး ရဲတပ်ဖွဲ့ ဒါမှမဟုတ် အမျိုးသားလုံခြုံရေးဌာနနဲ့ ပူးပေါင်းတာပဲ..."

YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...