Unicode
Chapter 41:
ကမောက်ကမဖြစ်သွားသော သတင်းစာရှင်းလင်းပွဲ
သတင်းထောက်များမှာ သတင်း၏ကျော်ကြားမှုကိုသာ ဂရုစိုက်ပြီး ကမ္ဘာကြီးပူလောင်သွားသည်ကို မြင်ရန်ထက်ပိုပြီး ဘာမျှမလိုချင်ကြသော လူများသာ ဖြစ်သည်။ သူတို့သည် ယွီယောင်အား လုံးဝကာကွယ်ပေးရန် စိတ်ကူးမရှိပေ။ ထိုအစား သူတို့သည် တက်ဘလက် မျက်နှာပြင်ပေါ်မှ မမြင်အပ်သော ဓာတ်ပုံများအား တိုက်ရိုက်ထုတ်လွှင့်ရန် ချိတ်ဆက်ထားသော ကင်မရာဆီသို့ တမင်ရည်ရွယ်ကာ ပြသထားသည်။
တိုက်ရိုက်ထုတ်လွှင့်မှုမှကောမန့်များ ခေတ္တပျောက်သွားပြီးသည့်နောက် ကောမန့်များ ပေါ်ထွက်လာကာ ဖန်သားပြင်အား များစွာဖုံးကွယ်မိသွားသည်။ အင်တာနက်သုံးစွဲသူများသည် မည်ကဲ့သို့တုံ့ပြန်မှုမျိုး ပေးရမည်ကိုပင် မသိတော့ပဲ ထိတ်လန့်သွားသည့် အမှတ်အသားများဖြင့် ဖန်သားပြင်အား ဖြည့်စွက်နေခဲ့သည်။
အချိန်ခဏတာကြာပြီးနောက် တစ်စုံတစ်ယောက်က နောက်ဆုံးတွင်ကောမန့်စရေးခဲ့သည်။
“ဘုရားရေ တကယ်ကြီးလား။ ယွီယောင်က အရမ်းကြမ်းတာပဲ”
“သူ့ရဲ့ရည်းစားဟောင်းက သူ့ကို အကျပ်ကိုင်ဖို့ သူရဲ့ကိုယ်လုံးတီးပုံတွေနဲ့ ဗီဒီယိုတွေကို သုံးခဲ့တယ်လို့ ဟိုတလောကပဲ ဖြစ်သွားသေးတယ်လေ။ သူက တစ်ယောက်တည်းဆို ထူးဆန်းတဲ့ပုံပဲ...”
“ယွီကျွယ်မှာ ဒီလိုမျိုးညီမသာရှိရင် သူက လူကောင်းတစ်ယောက် မဖြစ်တော့ဘူးမလား”
“ဒီခွေးမက ငါတို့ကိုကိုရဲ့ညီမလေးဖြစ်ဖို့ မတန်ဘူး။ ငါတို့ကိုကိုက လှည့်စားခံရတာပဲ ဖြစ်မယ်...”
“သေလိုက်တော့ ခွေးမ။ ဘယ်လိုဖြစ်ပြီး ဒီလိုလူမျိုးက တီဗီမှာ ပေါ်လာရတာလဲ။ ထုတ်လုပ်ရေးအဖွဲ့လည်း သူနဲ့စာချုပ်ကို အဆုံးသတ်သင့်တယ်”
အင်တာနက်ပေါ်မှ လူထုအမြင်မှာ လုံးဝတစ်ဖက်တည်းပင် ဖြစ်သည်။ နောက်ဆုံးတွင် ဒီကြည်လင်နေသောဓာတ်ပုံမှာ အလွန်ယုံချင်စရာကောင်းနေသည်။ အင်တာနက်သုံးစွဲသူများအတွက် ဤသည်မှာ ယွီယောင်အား လိင်ဆက်ဆံမှုပြုလုပ်ထားသည့်သက်သေ ဖြစ်သည်။

DU LIEST GERADE
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romantikဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...