Part 96

1.2K 123 0
                                    

96 01

Chapter 96: သတင်းစာရှင်းလင်းပွဲ

ရဲများသည် သူတို့ဖမ်းဆီးခဲ့သော သံသယရှိသူများအား စုံစမ်းစစ်ဆေးရန် မနားမနေကြိုးစားခဲ့ကြသည်။ ခိုင်လုံသောသက်သေရှေ့၌ အပြစ်သားအများစုမှာ သူတို့၏ပြစ်မှုများကို ဝန်ခံခဲ့ကြသည်။ အမှုအား စုံစမ်းစစ်ဆေးခြင်းဖြစ်စဉ်မှာ ခြောက်ဆယ်ရာခိုင်နှုန်းအထိနီးစပ်လာကာ လူထုအမြင်မှာလည်း အထွပ်အထိပ်အထိရောက်ရှိလာခဲ့သည်။ သူတို့သည် မကြာခင် လူထုအား စိတ်မကျေနပ်စေခဲ့လျှင် လူမှုပြဿနာများရှိလာနိုင်မည်။

ရဲတပ်ဖွဲ့မှာ မတတ်နိုင်ဘဲ သတင်းစာရှင်းလင်းပွဲအား စောစီးစွာ ကျင်းပခဲ့ရသည်။

သတင်းမီဒီယာအများအပြားမှာ သတင်းများအား ရရှိပြီးဖြစ်ကာ သတင်းစာရှင်းလင်းပွဲကျင်းပမည့်နေရာတွင် ဝန်းရံခဲ့သည်။ ရောက်ရှိပြီးနောက် သူတို့သည် သတင်းစာရှင်းလင်းပွဲ၏ဇာတ်ဆောင်ဖြစ်သော ရဲများအပြင် ရဲတပ်ဖွဲ့ဝင်များမဟုတ်သည်မှာ ထင်ရှားနေသော စတိတ်စင်ပေါ်၌ သာမန်လူနှစ်ယောက်လည်းရှိနေခဲ့သည်ကို သိခဲ့ကြသည်။

ရုတ်တရက်ဆိုသလို မီဒီယာသမားများမှာ ကြောင်သွားခဲ့ကြသည်။ သို့သော် အတင်းအဖျင်းအား အထူးအလေးပေးသော မီဒီယာအချို့မှာ ဤနှစ်ယောက်အား မှတ်မိနှင့်ပြီးဖြစ်သည်။ သူတို့မှာ ယွီအဖွဲ့အစည်း၏ အကြီးအကဲများဖြစ်သော ယွီလန်နှင့် သူ၏ညီမယွီယောင်တို့ဖြစ်သည်။

သတင်းထောက်များမှာ အလွန်ဇဝေဇဝါဖြစ်သွားခဲ့ကြသည်။ အဘယ်ကြောင့် ဤလူနှစ်ယောက်မှာ ရဲတပ်ဖွဲ့၏သတင်းစာရှင်းလင်းပွဲ၌ ပေါ်လာရ‌သနည်း။ ယွီမိသားစုမှာ စိတ်ဝင်စားမှုများပြားသော ချမ်းသာသည့်မိသားစုဖြစ်သော်လည်း သူတို့၏သရုပ်မှန်များမှာ ဤသတင်းစာရှင်းလင်းပွဲတွင် ထူးဆန်းနေဆဲပင်ဖြစ်သည်။

သို့သော် ရဲတပ်ဖွဲ့မှရဲသားမှာ ဤအမှုနှင့်သက်ဆိုင်သော သူတို့၏ထုတ်ပြန်ချက်များ ပြုလုပ်သောအခါ သတင်းထောက်များမှာ ယွီလန်နှင့်ယွီယောင် အဘယ်ကြောင့်ဤနေရာသို့ရောက်နေသည်ကို သိသွားခဲ့သည်။ သူတို့သည်စိတ်ထဲမှအော်ဟစ်ရင်းနှင့် သူတို့၏ကင်မရာများအားမြှောက်ကာ ယွီလန်နှင့်ယွီယောင်တို့၏ဓာတ်ပုံများအား ရိုက်နေခဲ့ကြသည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Where stories live. Discover now