Part 107

762 63 0
                                    

107 01

Chapter 107: အကြမ်းဖက်သမားများ

ရှာတွေ့ခဲ့သော ပစ္စည်းများအနက် ငရုတ်သီးဖျော်ရည်၊ အသီးလှီးသည့်ဓား အပြင် အခြားခိုးဝှက်ထားသော ပိုက်ဆံအိတ်များ၊ ဆဲလ်ဖုန်းများနှင့် အခြားအရာများလည်း ရှိနေခဲ့သည်။

ရဲများမှာ စိတ်သက်သာရာရသည့်သက်ပြင်းကို ချလိုက်သည်။ သူတို့သည် မည်သို့သော အကြမ်း‌ဖက်သမားများကိုမျှ ရှာမတွေ့သေးသော်လည်း အနည်းဆုံးအန္တရာယ်အား ဖယ်ရှားကာ အခြားသူများ၏‌ ငွေကြေးပိုင်းဆိုင်ရာ ဆုံးရှုံးမှုများကို ကယ်တင်နိုင်ခဲ့သည်။

ရဲများသည် စုံစမ်းစစ်ဆေးရေးမှာ ချောချောမွေ့မွေ့ ပြီးတော့မည်ဟု ထင်သည့်အချိန်တွင် လူကြားထဲမှ သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ရုတ်တရက် မတ်တပ်ရပ်လိုက်သည်ကို မြင်ခဲ့သည်။

ထိုလူမှာ ပါးလွှာသော တီရှပ်အား ဝတ်ဆင်ထားခဲ့သည်။ သူ့တွင် မည်သည့်အရာမဆို ဖုံးကွယ်ထားနိုင်သော ကုတ်အင်္ကျီကြီးမရှိသော်လည်း အလွန် ကြီးမားသော ဘီယာဗိုက်ရှိသည်။ ရဲများသည် ယခင်ကသူ့အား စစ်ဆေးခဲ့သောအခါ သူတို့သည်သူ့အား ပေါ့ပေါ့ပါးပါးသာ ပုတ်ကြည့်ကာ သူ့အား မေ့သွားခဲ့ကြသည်။

ဤအခိုက်အတန့်တွင် ထိုလူ၏မျက်နှာမှာ သူ၏အင်္ကျီစအား ဆွဲမလိုက်၍ သူ၏ခါးပတ်ပတ်လည်တွင် ပတ်‌ထားသော ပေါက်ကွဲနိုင်သည့်ပစ္စည်းများအား ပြသလိုက်သောအခါ ရယ်နေခဲ့သည်။ ထိုလူမှာအနည်းငယ် တုန်လှုပ်နေသည်မှာ သေချာသည်။ မီးခြစ်ကိုင်ဆောင်ထားခဲ့သော သူ၏လက်မှာ မီးခြစ်၍မရခင်တွင် အကြိမ်အနည်းငယ် တုန်နေခဲ့သည်။

ရဲသားများသည် ချက်ချင်းတုံ့ပြန်ကာ ထိုလူ၏ဘေးတွင်ရှိသော လူအုပ်ကြီးအား အဝေးတစ်နေရာသို့သွားရန် ဆွဲခေါ်ခဲ့ကြသည်။ အဖွဲ့ခေါင်းဆောင်မှာ ချက်ချင်းအသံချဲ့စက်ကိုကောင်ကိုင်၍ အော်ခဲ့သည်။ "ဒီမှာဗုံးရှိတယ်။ အားလုံးပဲ လူစုခွဲပြီး လုံခြုံ‌တဲ့အကွာအဝေးဆီ ဆုတ်ကြပါ"

တိတ်ဆိတ်‌စွာထိုင်နေခဲ့သော လူများမှာ အချိန်အတော်ကြာပြီးနောက်တွင် တုံ့ပြန်ခဲ့ကြသည်။ သူတို့သည် အော်ဟစ်၍ အမြန်ထရပ်ကာ အဝေးသို့ထွက်‌ပြေးခဲ့ကြသည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Donde viven las historias. Descúbrelo ahora