Part 15

4.9K 423 0
                                    

Unicode
Chapter 15: နေအိမ်အသစ် စီစဉ်ပေးခြင်း

ယွီလန်သည် ယွီကျွယ်အား စိတ်ကျန်းမာရေးဆေးရုံနှင့် သက်ဆိုင်သော စာရွက်များအား ဖယ်ရှားခိုင်းလိုက်သည်။‌ ထို့နောက်သူသည် စားပွဲပေါ်မှ ယွီယောင်၏စာရွက်စာတမ်းများအားလုံးပါသော အခြားဖိုင်တွဲတစ်ခုကိုကောက်ယူလိုက်သည်။

“ကောင်းပြီ၊ ငါတို့နောက်ထပ်ပြဿနာတစ်ခုကိုဖြေရှင်းကြမယ်” ယွီ‌လန်သည် ဖိုင်တွဲအား ယွီယောင်ဆီသို့ တိုက်ရိုက်လှမ်းပေးလိုက်သည်။ အိမ်က အခြေအနေတွေက မင်းကို သက်တောင့်သက်သာမဖြစ်စေမှန်း ငါနားလည်တယ်။ မင်းမနေချင်ရင်လည်း ရပါတယ်”

“အစ်ကိုကြီး၊ ဘာတွေပြောနေတာလဲ” ယွီကျွယ်သည် အလျင်အမြန်ပင် ပြောခဲ့သည်။ “အိမ်မဟုတ်ပဲယောင်ယောင်က ဘယ်သွားနိုင်မှာလဲ”

ယွီယောင်သည် ဖိုင်တွဲကိုယူကာဖွင့်ကြည့်ခဲ့သည်။ သူမသည်ယွီကျွယ်အား အံ့အားသင့်စွာနှင့် လှမ်းကြည့်ခဲ့သည်။ “ကျွန်မက ယွီမိသားစုမရှိပဲ မနေနိုင်တဲ့ပုံမျိုးမပြောပါနဲ့။ ကျွန်မက တက္ကသိုလ်ကအဆောင်ပဲဖြစ်ဖြစ် တစ်နေရာရာကအခန်းကိုငှားလို့ရပါတယ်”

“ဘယ်လိုဖြစ်ရတာလဲ” ယွီကျွယ်သည် ချက်ချင်းပင် စိုးရိမ်တကြီးမေးလိုက်သည်။ “တခြားနေရာမှာနေတာက အိမ်မှာနေတာလောက် ဘယ်လိုဖြစ်ပြီး သက်တောင့်သက်သာရှိမှာလဲ”

“ဟာ၊ ကျွန်မကယွီအိမ်ကြီးမှာ နေရတာသက်တောင့်သက်သာနဲ့နေနေရတယ် ထင်နေတာလား”

ယွီကျွယ်မှာ ပြောစရာစကားမရှိတော့ပေ။

ယွီလန်သည်ချောင်းဟန့်လိုက်ကာ ပြောခဲ့သည်။ “နှစ်ယောက်လုံးရန်ဖြစ်နေတာတော်တော့။ ယောင်ယောင်၊ မင်းတက္ကသိုလ်အဆောင်မှာနေဖို့အခန်းငှားဖို့ ငါမထောက်ခံဘူး။ ငါတို့စိတ်ကျန်းမာရေးဆေးရုံကို‌အရေးယူရင် မင်းနောက်ကျ ပိုပြီးတော့ အန္တရာယ်များတဲ့ အာရုံစိုက်မှုတွေရလာလိမ့်မယ်။ ဒါကမင်းရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံရေးကိုပါ ခြိမ်းခြောက်နိုင်တာမို့ မင်းနေတဲ့ပတ်ဝန်းကျင်ကိုသေချာရွေးရမယ်”

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Kde žijí příběhy. Začni objevovat