Chapter 155: ကိုယ်ရည်ကိုယ်သွေး
ရှောင်းလျန်သည် ယွီယောင်နှင့် Maine Coonကြောင်လေးအား အချိန်အတော်ကြာစိုက်ကြည့်နေခဲ့သည်။ သူ၏မျက်လုံးများမှာ နက်မှောင်၍ နက်ရှိုင်းနေခဲ့သည်။ မည်သူကမျှ သူဘာတွေးနေသည်ကို မသိခဲ့ပေ။
ယွီလန်သည်လည်း ဘာမျှမပြောခဲ့ပေ။ ဤအခိုက်အတန့်တွင် သူသည်ရှောင်းလျန်နှင့်ယွီယောင်ကြား ထိတွေ့မှုကိုလည်း ဂရုမစိုက်နိုင်တော့ပေ။ သူသည် ယွီယောင်အား နိုးထအောင်လုပ်နိုင်လျှင် ယုတ်ညံ့သည့် ရည်ရွယ်ချက်များရှိသော ထိုလူသည် သူ့ညီမ၏နှလုံးသားအား ခိုးယူခဲ့လျှင်ပင် ကန့်ကွက်လိမ့်မည်မဟုတ်ပေ။
ရှောင်းလျန်သည် ယွီယောင်အား သူ၏ခံစားချက်များအကြောင်းကဲ့သို့သောအရာများအား သူမကိုပြောပြလိမ့်မည်ဟု ယွီလန်ထင်ခဲ့သော်လည်း သူမပြောခဲ့ပေ။ ရှောင်းလျန်သည် အခန်းထဲတွင်သာရပ်နေခဲ့ကာ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။ ထို့နောက်သူသည်ကုန်းလိုက်ကာ ယွီယောင်၏အလွန်ပိန်ပါးလှသောမျက်နှာကြောင်းများကို ညင်သာစွာပွတ်သပ်ပေးရန် သူ၏လက်ချောင်းများအား အသုံးပြုခဲ့သည်။ သူသည် Maine Coonကြောင်မှ ဖွပစ်ခဲ့သော ရှုပ်ထွေးနေသည့် ဆံပင်အမျှင်များကို သပ်ရပ်အောင်လုပ်ပေးခဲ့သည်။
ထို့နောက်သူသည် ခန္ဓာကိုယ်ကိုမတ်လိုက်ကာ ပြောလိုက်သည်။ "မင်းပင်ပန်းနေရင် ကောင်းကောင်းနားပါ။ မင်းလုပ်ချင်တဲ့အရာတွေအတွက် ငါအဲ့ဒါတွေကို ပြီးအောင်ကူပေးမယ်။ အဲ့ဒါကို ငါ့ကြောင်ထိန်းပေးတဲ့အတွက် မင်းအတွက်ဆုအနေနဲ့စဉ်းစားလိုက်ပေါ့"
ဤအရာအားပြောပြီးနောက် ရှောင်းလျန်သည် မလှုပ်မယှက်ဖြစ်နေသော ယွီယောင်အား လေးနက်စွာကြည့်ပြီးနောက် လှည့်ထွက်လာခဲ့သည်။
ယွီလန်သည် သူ့အားလိုက်ပို့ပေးခဲ့သည်။ တံခါးပိတ်လိုက်သည့်အခိုက်အတန့်တွင် ယွီယောင်၏မျက်တောင်များ အနည်းကယ်လှုပ်သွားသည်ကို မည်သူမျှသတိမပြုမိခဲ့ပေ။
နက်မှောင်နေသည့် စိတ်ကမ္ဘာထဲတွင် သူမ၏ခြေထောက်များအား ဖက်တွယ်ကာ ဘောလုံးကဲ့သို့ကွေးနေသော ယွီယောင်မှာ တံခါးအပြင်ဘက်မှ အသံဖျော့ဖျော့များအား တိတ်တဆိတ်နားထောင်နေခဲ့သည်။

YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...