Part 52

1.9K 200 0
                                    

52 01

Chapter 52: အားကိုး၍မရသော

"မိသားစုအပြန်အလှန် ဆက်သွယ်မှုအတွက် ရိုက်ကူးတဲ့ ရသစုံရှိုးလို့ မထင်တော့ဘူး။ ကလေးထိန်းရတဲ့ ရသစုံရှိုးလိုပဲ" ယွီယောင်သည် မနေနိုင်ဘဲ ပြောမိသည်။ "ကျွန်မက ကလေးထိန်းဖို့ တာဝန်ယူရတဲ့ဧည့်သည်ပဲ"

ကင်မရာသမားသည် သူ၏လက်ထဲမှ ကင်မရာအား အပေါ်အောက်လှုပ်ပြခဲ့သည်။ သူသည် စကားမပြောနိုင်သော်လည်း သူ၏သဘောတူညီမှုအား ဖော်ပြရန် သူ၏အမူအရာများကို အသုံးပြုခဲ့သည်။

ယွီကျွယ်သည် ဘာဖြစ်နေသည်ကို လုံးဝမသိပေ။ သူ၏အမူအရာမှာ မကြာသေးမီက တီဗီဖန်သားပြင်ပေါ်တွင် သူသရုပ်‌ဆောင်ခဲ့သော အမျိုးသားဇာတ်ဆောင်နှင့် ချွတ်စွပ်တူနေခဲ့သည်။ သူသည်သူ၏ထက်မြက်မှုအား ပြသချင်သော်လည်း သူသည် တကယ်တမ်း အရူးတစ်ယောက်သာ ဖြစ်ကြောင်း အခြားသူများမှာ ကြည့်ရုံနှင့်ပင် ပြောနိုင်သည်။

ယွီယောင်သည် ကော်ဖီစားပွဲအောက်မှ အံဆွဲထဲ၌ ထုတ်လုပ်ရေးအဖွဲ့တံဆိပ်နှင့် စာအိတ်တစ်ခုအား တွေ့ခဲ့သည်။ သူမသည် စာအိတ်ကို ဖွင့်လိုက်ကာ မုန့်ဖိုးပိုက်ဆံများစွာကို လောင်းချပြလိုက်သည်။

"ထုတ်လုပ်ရေးအဖွဲ့ အရင်‌ကပြောထားတာက ရှိုးရိုက်ကူးနေချိန်အတွင်း ကိုယ့်ပိုက်ဆံ ကိုယ်ရှာရမယ်တဲ့။ အစပိုင်း ညီမတို့က ရိုက်ကူးရေးအဖွဲ့ဆီကနေ မဲနှိုက်ပြီးတော့ အရင်းအနှီးတချို့ ရထားတယ်။ ကျွန်မတို့ရဲ့ အရင်းအနှီးအားလုံးက ဒီမှာပဲ..."

"ဒါပဲလား" ယွီကျွယ်သည် အလန့်တကြားနှင့် ဒင်္ဂါးပြားသေးသေးလေးများအား လက်ညှိုးထိုးပြခဲ့သည်။ ထိုထဲတွင် ယွမ်တစ်ရာတန်သော ငွေစက္ကူတစ်ရွက်မှပင် မရှိပေ။ အများစုမှာ အကြွေစေ့များနှင့် ငွေစက္ကူအသေးလေးများပင် ဖြစ်သည်။ သူတို့မှာ အလွန်သနားစရာကောင်းနေသည်။

ယွီယောင်သည်ယွီကျွယ်အား‌ မျက်စောင်းထိုးလိုက်သည်။ "တစ်ချိန်လုံး ဘာလုပ်နေတာလဲ။ ညီမတို့မှာ အရင်းအနှီး ဘယ်လောက်တောင်ရှိလဲ မသိပဲနဲ့"

ယွီကျွယ်သည် ရှက်သွားခဲ့သည်။ ယွီယောင် သူ့အား ကြည့်လိုက်သောအခါ သူသည် ရှက်ကိုးရှက်ကန်းနှင့် ပြုံးပြခဲ့သည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Donde viven las historias. Descúbrelo ahora