106 01
Chapter 106: စတင်ရှာဖွေခြင်း
ရဲသားငယ်စကားပြောပြီးသည့်အခိုက်အတန့် အဖွဲ့ခေါင်းဆောင်နောက်မှ ရုံးခန်းတံခါးမှာ အသံကျယ်ကြီးမြည်ကာ အထဲမှတွန်းဖွင့်ခြင်းခံခဲ့ရသည်။
သူ၏ရုံးခန်းထဲတွင် အဖွဲ့ခေါင်းဆောင်အား ဆူလိုက်သော ကြီးကြပ်ရေးမှူးသည် ဒေါသတကြီးနှင့် ရဲသားငယ်၏နှာခေါင်းအား လက်ညှိုးထိုးကာ ဆူလိုက်သည်။ "ဒါမင်းရဲ့အလုပ်အပေါ်သဘောထားလား။ ဒီလိုပေါ့ဆမှုမျိုးနဲ့ အကြမ်းဖက်တိုက်ခိုက်မှု တကယ်ဖြစ်ရင် ဘယ်လောက်တောင် ပရမ်းပတာဖြစ်သွားမလဲ။ လူ့အသက်တွေဘယ်လောက်တောင်ဆုံးရှုံးလိုက်ရမလဲ။ ဒီလိုမျိုးတာဝန်ကို မင်းယူနိုင်မယ်ထင်လား"
ရဲသားငယ်၏မျက်နှာမှာ အဆူခံရသောကြောင့် နီရဲသွားခဲ့သည်။ သူသည်သူ၏ခေါင်းကိုငုံ့ကာ မည်သည့်စကားမျှမပြောခဲ့ပေ။
ကြီးကြပ်ရေးမှူးမှာ အဖွဲ့ခေါင်းဆောင်ရှိရာသို့ ညွှန်ပြပြီး ပြောလိုက်သည်။ "ဒါကမင်းရဲ့အဖွဲ့ခေါင်းဆောင်၊ မင်းရဲ့အထက်ကပဲကွ။ သူညွှန်ကြားချက်တွေပေးရင် မင်းတို့လေးလေးနက်နက် လိုက်နာရမှာလေ။ သူနဲ့ဘယ်လိုဖြစ်ပြီး စကားများနေတာလဲ။ မင်းပုန်ကန်နေတာလား"
သူစကားပြော၍ပြီးသောအခါ ကြီးကြပ်ရေးမှူးသည် သူ့အားအလေးပြုတော့မည့် အဖွဲ့ခေါင်းဆောင်ကိုပင် မကြည့်တော့ပေ။ သူသည်လှည့်ထွက်သွားကာ ရုံးခန်းတံခါးကို ထပ်မံ၍ဆောင့်ပိတ်လိုက်သည်။
ရုံးခန်းထဲမှ ရဲသားများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေခဲ့ကြသည်။ သူတို့ထဲမှအချို့မှာ ဤအခြေအနေအား လုံးဝမထင်ထားခဲ့ပေ။ ဤအချိန်အခိုက်အတန့်တွင် ကြီးကြပ်ရေးမှူးမှာ အဖွဲ့ခေါင်းဆောင်အား အလွန်မကျေမနပ်ဖြစ်နေသည်မှာ သေချာသည်။ ဤကဲ့သို့ အရေးကြီးသောအချိန်၌ သူသည်အဘယ်ကြောင့် အဖွဲ့ခေါင်းဆောင်၏အလုပ်အား အလွန်အားပေးသွားခဲ့သနည်း။
အနည်းငယ်အသက်ကြီးသော ရဲသားမှာ သူ၏ဘေးမှလူငယ်လေးအား သေသေချာချာ ပြောပြခဲ့သည်။ "မင်းတို့ကငယ်သေးလို့ ကြီးကြပ်ရေးမှူးနဲ့ အဖွဲ့ခေါင်းဆောင်တို့ကြား ဆက်ဆံရေးကို နားမလည်သေးတာပါ။ သူတို့ကအချိန်အကြာကြီး အလုပ်အတူတူလုပ်ခဲ့ကြပြီး ဆရာနဲ့ကျောင်းသားဆက်ဆံရေးရှိသလို သူတို့ကသူငယ်ချင်းတွေလည်းဖြစ်တယ်။ ကြီးကြပ်ရေးမှူးက အဖွဲ့ခေါင်းဆောင်ကို ဆူနိုင်တာနဲ့ အဖွဲ့ခေါင်းဆောင်ကို အခြားသူတွေက ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမှာကို ခွင့်ပြုတာမဟုတ်ဘူး"

STAI LEGGENDO
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Storie d'amoreဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...