Part 20

4.5K 363 0
                                    

Unicode

Chapter 20: ဆက်ဆံရေး

လိုက်ဖက်ညီမှုသည် စကားလုံးများဖြင့်ဖော်ပြရန် ခက်ခဲသောအရာဖြစ်သော်လည်း တည်ရှိပါသည်။

သင်မယုံပါက တက္ကသိုလ်ကျောင်းဝင်းမှ တောအုပ်ထဲတွင်ရပ်နေသော စုံတွဲတစ်တွဲအား စဉ်းစားကြည့်ပါ။ သူတို့ထဲမှတစ်ယောက်သည် ချောမောပြီး အရပ်ရှည်ကာ အခြားတစ်ယောက်မှာနူးညံ့၍လှပသည်။ ထိုလူသည် လူ့အဖွဲ့အစည်းထဲသို့ ဝင်ရောက်လာသည့် အထက်တန်းစားတစ်ဦးနှင့်တူ၍ မိန်းကလေးမှာအတွေ့အကြုံမရှိသော ကျောင်းသူတစ်ဦးသာလျှင်ဖြစ်သော်လည်း သူတို့အကြည့်ချင်းဆုံလိုက်သော် လိုက်ဖက်ညီသောအခြေအနေတစ်ခုရှိနေသောအခါ မည်သူကသူတို့အားလိုက်ဖက်မှုမရှိဟုပြောမည်နည်း။

အနည်းဆုံးအဝေးမှဓာတ်ပုံများတိတ်တဆိတ်ရိုက်နေသောကျောင်းသားများမှာ အမျိုးသားတစ်ယောက်သည် မိန်းကလေးတစ်ယောက်၏ခေါင်းပေါ်မှာသစ်ရွက်ယူလိုက်သည့်မြင်ကွင်းမှာ အလွန်တရာလှပနေသည်။ အလွန်လှပလွန်းသောကြောင့် သူတို့သည် ဤအရာအား ဓာတ်ပုံမရိုက်ပဲမနေနိုင်ကြပေ။ သူတို့သည်လည်း တက္ကသိုလ်၏ဖိုရမ်ဆီသို့ ဓာတ်ပုံများမတင်ပဲမနေနိုင်ကာ သူတို့ကဲ့သို့ တစ်ကိုယ်တည်းဖြစ်နေသောသူများ ဤမြင်ကွင်းအားကြည်နူးစေချင်ကြသည်။

အဓိကဓာတ်ပုံအားရိုက်လိုက်‌သောကျောင်းသားမှာ တက္ကသိုလ်ဓာတ်ပုံအသင်းမှအဖွဲ့ဝင်တစ်ယောက်ပင်ဖြစ်သည်။ သူ၏အလှအပစံနှုန်းများမှာ လူအများစု၏စံနှုန်းများထက်ကျော်လွန်သွားခဲ့သည်။ ဓာတ်ပုံအား ဖိုရမ်ပေါ်တင်ပြီးသည့်နောက် အခြားသောကျောင်းသားများဆီမှ ကောမန့်များရရှိခဲ့သည်။

အများစုမှာ “မိုက်တယ်ကွာ” သို့မဟုတ် “အခန်းသာယူလိုက်ကြတော့” ဟုပြောကြသည်။ သို့သော် အချို့လူများမှာ ဤဓာတ်ပုံအားတွေ့သောအခါ သူတို့သည်ဤစုံတွဲအား လိုက်ဖက်သည်ဟု မခံစားမိကြပေ။ ထိုအစား သူတို့သည်ကိစ္စများမှာပိုရှုပ်ထွေးလာသည်ဟုထင်ကြသည်။

ကောင်းချန်သည် ယခုတလောအလုပ်သိပ်မများပါ။ သူ၏တတိယနှစ်တွင်များပြားသော သင်ခန်းစာအပုံလိုက်မရှိပါ။ သူသည်ပိုက်ဆံရှာရန်ပိုသက်သာသောနည်းလမ်းအားရှာတွေ့ပြီးသည့်နောက် သူအလုပ်မသွားဖြစ်ခဲ့သည်မှာ အတော်ကြာခဲ့ပါပြီ။ သူလိုက်လံရှာဖွေနေခဲ့သော မိန်းကလေးမှာလည်း ဖျားနာမှုခွင့်ကာလကြာရှည်စွာယူထားသောကြောင့် သူ့တွင်ဂိမ်းကစားရန်နှင့် ဖိုရမ်များအားရှာဖွေရန် အချိန်ပိုရခဲ့သည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Where stories live. Discover now