Chapter 130: ကျွန်မကြိုက်သော အမျိုးသား
ယွီယောင်သည် သူ၏အစ်ကိုနှစ်ယောက်အား ထူးဆန်းစွာကြည့်လိုက်ကာ မနေနိုင်ဘဲပြောလိုက်သည်။ "ဒါဆို ဒါကြောင့်အစ်ကိုတို့က တစ်ယောက်တည်းဖြစ်နေတာလား"
သူမသည် ယွီလန်အား အရင်ဆုံးကြည့်လိုက်သည်။ "အစ်ကိုကြီးက အလုပ်ကိုပဲအချိန်ပေးခဲ့တာလေ။ အခုအသက်သုံးဆယ်နီးပါးလောက် တစ်ယောက်တည်းဖြစ်နေပေမယ့် ညီမကအစ်ကို့လိုမျိုး သနားစရာကောင်းအောင် မနေချင်ဘူး"
သူမ၏အရင်ဘဝ၌ သူမသည်သေသည်အထိ အလုပ်လုပ်ခဲ့ရသည်ကို သူမဒေါသတကြီး တွေးခဲ့မိသည်။ ဤဘဝတွင်မူ မပြီးဆုံးနိုင်သောအလုပ်အပေါ်တွင် သူမ၏ငယ်ရွယ်မှုအား သေချာပေါက် မကုန်ဆုံးချင်ခဲ့ပေ။
ထို့နောက် ယွီယောင်သည် ယွီဟန်အားကြည့်ကာ လှောင်ပြောင်ခဲ့သည်။ "အစ်ကိုလတ် ဒီကမ္ဘာမှာ လူကောင်းတွေအများကြီးရှိပါသေးတယ်။ ညီမက အဲ့လိုသူ့မိန်းမကို နှိပ်စက်ပြီးသတ်ပစ်တဲ့ကောင်မျိုးနဲ့ တွေ့ရလောက်အောင် ကံမကောင်းဘူးလို့ မထင်ဘူး။ ဒါကြောင့် ညီမအတွက် လက်ထပ်တာကို ကြောက်မနေပါနဲ့ ဟုတ်ပြီလား"
ယွီလန်နှင့်ယွီဟန်သည် ယွီယောင်အား စိုးရိမ်တကြီးကြည့်ကာ သူတို့မှာ တစ်ခုခုပြောချင်နေသော်လည်း ချီတုံချတုံဖြစ်နေခဲ့သည်။ သူတို့နှစ်ယောက်လုံးမှာ ယွီယောင်၏အရင်ဘဝမှ သူမကိုယ်တိုင်ရှာဖွေခဲ့သောလူအား ပြန်တွေးကြည့်မိခဲ့သည်။
သူသည်အိမ်တွင်းအကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုတို့ ပေါင်းစည်းထားသော လူယုတ်မာတစ်ယောက်ဖြစ်သည်။ ယောင်္ကျားဖြစ်သူမှာ သူ၏မိန်းမအား မသတ်ဘဲ အာမခံအတွက်လိမ်လည်ခဲ့သည်မှာ အသိစိတ်ရှိသောကြောင့်မဟုတ်ဘဲ သူ၏အကြံအစည်မအောင်မြင်ခဲ့သောကြောင့်ဖြစ်သည်။
တကယ်တမ်းတွင် သူသည်ယွီယောင်အတွက် စီးပွားရေးအာမခံငွေ အမြောက်အမြားကို ဝယ်ယူခဲ့သည်။ သူသည် သူမအတွက် မတော်တဆသေရန်ကြံစည်ပြီးသားဖြစ်ကောင်းဖြစ်နိုင်သည်။ မထင်မှတ်ဘဲနှင့် ယွီယောင်သည် ရှာတွေ့သွားကာ သူ၏လက်ထဲ၌ သေခွင့်ပြုလိုက်သည်။ ဇနီးဖြစ်သူအား လှည့်စားကာ သူမ၏အာမခံချက်အား လှည့်စားရန် အကြံအစည်မှာ ပျက်ပြားသွားခဲ့ပြီး သူသည်ထောင်ထဲသို့ အပို့ခံခဲ့ရသည်...
YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...